DVB Logo
Home
မြန်မာသတင်း
စစ်တပ်ဘက်မှ ဒု-သမ္မတလောင်း သတင်းထွက်သူများကို ကမ်းလှမ်းထားခြင်း မရှိသေးဟု ဆို
DVB
·
March 8, 2016
စစ်တပ်ဘက်မှ ဒု-သမ္မတလောင်း သတင်းထွက်သူများကို ကမ်းလှမ်းထားခြင်း မရှိသေးဟု ဆို
Donate to DVB

နိုင်ငံရေးလေ့လာသူတွေက ခန့်မှန်းထားကြတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ဘက်က တင်သွင်းမယ့် ဒု-သမ္မတလောင်းအဖြစ် သတင်းထွက်ပေါ်နေသူတွေက လက်ရှိအချိန်ထိ သူတို့ကို ကမ်းလှမ်းထားတာ မရှိသေးဘူးလို့ ဒု-ဗိုလ်ချုပ်ကြီး သူရသက်ဆွေက ပြောကြားခဲ့ပါတယ်။

“ခန့်မှန်းမှုတွေအတိုင်းသာ လိုက်ပြောနေမယ်ဆိုရင်တော့ ပြောတဲ့သူက မကောင်းဘူးလေ။ ကမ်းလှမ်းမှုလည်း မရှိသေးဘူး၊ အမှန်းနဲ့ပြောတာကို ပြန်ပြောလို့လည်း မဖြစ်ဘူးလေ” လို့ ဒီကနေ့ မတ်လ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီး မီဒီယာတွေရဲ့ မေးမြန်းမှုကို ဒု-ဗိုလ်ချုပ်ကြီး သူရသက်ဆွေက ပြောကြားခဲ့တာပါ။

ဇေယျာသီရိ မဲဆန္ဒနယ်မြေမှ အနိုင်ရရှိခဲ့တဲ့ ဗိုလ်ချုပ်ကြီးလှဋ္ဌေးဝင်း (ငြိမ်း) နဲ့ ကိုကိုးကျွန်း မဲဆန္ဒနယ်မှ အနိုင်ရခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး သူရသက်ဆွေတို့ကို တပ်မတော်သားတွေဘက်က တင်သွင်းမယ့် ဒု-သမ္မတလောင်းတွေအဖြစ် သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

ဒု-သမ္မတလောင်း အမည်စာရင်းတင်သွင်းမယ့် ၂ ရက်အလိုအထိ ကမ်းလှမ်းထားခြင်း မရှိသေးဘဲ ကမ်းလှမ်းခဲ့မယ်ဆိုရင်တော့ အမျိုးသားအကျိုးစီးပွား၊ နိုင်ငံအကျိုးစီးပွားအတွက် ဆောင်ရွက်သွားကြမယ်လို့ ဒု-သမ္မတလောင်းတွေအဖြစ် သတင်းတွေ ထွက်သူ နှစ်ဦးစလုံးက ဖြေကြားခဲ့ကြပါတယ်။

သတင်း - ကိုလတ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013