DVB Logo
Home
မြန်မာသတင်း
မှင်စာနှင့်တူသည့် ချစ်စရာ ရေဘ၀ဲလေး (ရုပ်သံ)
DVB
·
March 8, 2016
မှင်စာနှင့်တူသည့် ချစ်စရာ ရေဘ၀ဲလေး (ရုပ်သံ)
Donate to DVB

အမေရိကန်နိုင်ငံ၊ ဟာဝိုင်အီကမ်းရိုးတန်းမှာ မှင်စာလေးနဲ့တူတဲ့ ရေဘ၀ဲလေးကောင်ကို သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့တယ်လို့ နယူးစ်နက်-၅ သတင်းမှာ မတ်လ ၇ ရက်နေ့က ဖော်ပြပါတယ်။

အဲဒီရေဘ၀ဲလေးဟာ အရင်တွေ့နေကျ ရေဘ၀ဲတွေနဲ့မတူဘဲ မျိုးစိတ်သစ်တခုဖြစ်နိုင်ပြီး The Okeanos Explorers အမည်ရ သင်္ဘောက ပစိဖိတ်သမုဒ္ဒရာ ရေအောက်ကြမ်းပြင်အောက် အနက်ပေ ၁၃၅၀၀ လောက်မှာ တွေ့ရှိခဲ့တာဖြစ်တယ်လို့ အမေရိကန် အမျိုးသားသမုဒ္ဒရာနှင့် လေထုဆိုင်ရာ ညွှန်ကြားမှု ဦးစီးဌာန (အန်အိုအေအေ) က ပြောပါတယ်။

တွစ်တာ အင်တာနက် လူမှုကွန်ရက်စာမျက်နှာ အသုံးပြုသူတွေကတော့ ဒီရေဘ၀ဲလေးဟာ နာမည်ကျော် ကက်စ်ပါ သရဲရုပ်ရှင်ကားထဲမှ ဇာတ်ကောင် မှင်စာလေးနဲ့တူတဲ့အတွက် မှင်စာရေဘ၀ဲလေးအဖြစ် နာမည်ပြောင်ပေးနေကြတာပါ။

အန်အိုအေအေမှ သတ္တဗေဒပညာရှင် မိုက်ကယ်ဗက်ချီဝမ်က “ခုတွေ့ရှိရတဲ့ ရေဘ၀ဲဟာ ထူးခြားပါတယ်။ သူ့မှာ ရောင်ခြယ်ပစ်ဂ်မန့်ဆဲလ်တွေ မပါဘဲ ဖြူဖျော့နေပါတယ်။ သူ့ကိုကြည့်ရတာလည်း သိပ်ကြံ့ခိုင်ပုံ မပေါ်ပါဘူး” လို့ ပြောပါတယ်။

လက်ရှိမှာတော့ ဒီရေဘ၀ဲလေးရဲ့ မျိုးစိတ်ကို မသတ်မှတ်နိုင်သေးဘူးလို့ သတင်းက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013