မီးလောင်နေသည့် ကားပေါ်မှ ကလေး ၂ ဦးနှင့် အမျိုးသမီးကို ကယ်တင် (ရုပ်သံ)
DVB
·
March 8, 2016

မတ် ၇ ရက် အမေရိကန်ပြည်ထောင်စု မွန်ထရီမှာ မီးလောင်နေတဲ့ ကားပေါ်ကနေ ကလေး ၂ဦးနဲ့ အမျိုးသမီးကို ကယ်လီဖိုးနီးယား အဝေးပြေး ကင်းထောက်အဖွဲ့က ကယ်တင်နိုင်ခဲ့ပါတယ်။
ကလေး ၂ ယောက်ကို ကားနောက်ခန်းမှာ ထည့်ပြီး ကားမောင်းနှင်နေစဉ်မှာ ကားက မီးလောင်ခဲ့တာ ဖြစ်ပါတယ်။
ကင်းထောက်အဖွဲ့ မီးခိုးတွေ တအားထွက်လာလို့ ကားမီးလောင်နေပြီလို့ သတိပေးလို့ ကားကို ရပ်တန့်လိုက်ရာမှာ ကားမောင်းတဲ့ အမျိုးသမီးကသာ ကားပေါ်က အလျင်အမြန် ဆင်းနိုင်ခဲ့ပါတယ်။
ဒါပေမယ့် နောက်ခန်းမှာတော့ ကလေး ၂ ယောက်က ကားပေါ်မှာ ကျန်ရစ်ခဲ့တာ ဖြစ်ပါတယ်။
ကင်းထောက်အဖွဲ့ဝင် တဦးက နောက်ခန်းထဲမှာ ပိတ်မိနေတဲ့ မိန်းကလေးနဲ့ ယောက်ကျာ်းလေး တို့ကို ကယ်တင်ခဲ့ပါတယ်။
မီးခိုးတွေ ရှုမိတဲ့အတွက် အမျိုးသားက ငိုယိုနေသလို နောက်ပိုင်းမှာ ဆေးရုံကို ပို့ဆောင်ကာ ကုသခံခဲ့ရပါတယ်။