DVB Logo
Home
မြန်မာသတင်း
ရခိုင်အမျိုးသားပါတီက စီအီးစီ ၆ ဦးကို စစ်ဆေးမည်
DVB
·
March 7, 2016
ရခိုင်အမျိုးသားပါတီက စီအီးစီ ၆ ဦးကို စစ်ဆေးမည်
Donate to DVB

မတ်လ ၆ ရက်နေ့က ရန်ကုန်မှာ တော်ဝင်နှင်းဆီ ခန်းမမှာ သတင်းစာရှင်းလင်းခဲ့ကြတဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၆ ဦးကို မတ်လ ၁၁ ရက်နေ့ကျရင် စစ်တွေမြို့ပါတီဌာနချုပ်မှာ စစ်ဆေးဖို့ ရခိုင် အမျိုးသားပါတီ စည်းကမ်းထိန်းသိမ်းရေးဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက စာထုတ်ပါတယ်။

အခုစစ်ဆေးခံရမယ့် ဦးကျော်မြင့်၊ ဦးလှမြင့်၊ ဦးမျိုးကျော်၊ ဦးမျိုးဆွေ၊ ဦးထွန်းရွှေသိန်း၊ ဦးသန်းနိုင်မြင့်တို့ဖြစ်ကြပြီး အဖွဲ့ဝင် ၅ ဦးပါ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ စစ်ဆေးတွေ့ရှိချက် တွေကို မှတ်ချက်နဲ့တကွ မတ်လ ၁၂ ရက်နေ့ အပြီးသတ်တင်ပြရမယ်လို့ဆိုပါတယ်။

ပြည်နယ်အစိုးရကို ဦးဆောင်ဖွဲ့ခွင့်မရရင် အတိုက်အခံအဖြစ် ရပ်တည်မည်ဆိုတဲ့ ရခိုင်အမျိုးသားပါတီကြေညာချက်ဟာ တရားမ၀င်ကြောင်းနဲ့  ညီညွတ်သော တိုင်းရင်းသား လူမျိုးများအဖွဲ့ချုပ် (ယူအန်အေ)နဲ့လည်း ဆက်ဆံရေးဖြတ်တောက်မှာ မဟုတ်ကြောင်း ၆ ဦးက ရှင်းလင်းခဲ့ကြတာဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲကာလမှာ အနိုင်ရတဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီနဲ့ ၁၉၉၀ ပြည့် ရွေေးကာက်ပွဲမှာ အနိုင်ရတဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့ဟာ ၂၀၁၄ ခုနှစ်မှာ ပူးပေါင်းပြီး ရခိုင်အမျိုးသားပါတီအဖွဲ့ ဖွဲ့စည်းခဲ့ပါတယ်။ အခု စစ်ဆေးခံကြရမယ့် ၆ ဦးဟာ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်က ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013