DVB Logo
Home
မြန်မာသတင်း
ပြည်ထောင်စုဝန်ကြီးတာဝန်အတွက် အန်အယ်လ်ဒီက အက်စ်အန်အယ်လ်ဒီကို ကမ်းလှမ်း
DVB
·
March 7, 2016
ပြည်ထောင်စုဝန်ကြီးတာဝန်အတွက် အန်အယ်လ်ဒီက အက်စ်အန်အယ်လ်ဒီကို ကမ်းလှမ်း
Donate to DVB

အစိုးရအဖွဲ့သစ်မှာ  ပြည်ထောင်စုဝန်ကြီး တနေရာ တာဝန်ထမ်းဆောင်ဖို့  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကမ်းလှမ်းထားတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောပါတယ်။

“သူက အစိုးရ ကက်ဘိနက် အဖွဲ့ထဲမှာ တယောက်ပါဖို့ ကမ်းလှမ်းတာကတော့ မှန်ပါတယ်။ ဒုတိယ သမ္မတအတွက် ကမ်းလှမ်းတယ်ဆိုရင်တော့ မမှန်ပါဘူး။” လို့ ပြောပါတယ်။

ဘယ်ပြည်ထောင်စုဝန်ကြီးလဲဆိုတာကိုတော့ မညှိရသေးဘူးလို့ ပြောပါတယ်။

လာမယ့် တရက်နှစ်ရက်အတွင်း တရားဝင်အမည်စာရင်း ပေးရမှာဖြစ်တွက်အတွက် အဲဒီစာ ရင်းပေးနိုင်ဖို့ လုပ်ဆောင်နေတယ်လို့လည်း ဦးစိုင်းညွန့်လွင်က ပြောပါတယ်။

ခွန်ထွန်းဦး ဦးဆောင်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဟာ အန်အယ်လ်ဒီနဲ့ ကာလရှည်ကြာ လက်တွဲခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီကို ဖွဲ့စည်းစဉ်က လည်း အဖွဲ့ဝင်တွေဖြစ်ကြပါတယ်။

အန်အယ်လ်ဒီက အစိုးရအဖွဲ့ဝင် လျာထားစာရင်းကို မထုတ်ပြန်သေးပေမယ့် ပါတီပြင်ပက ပုဂိုလ် ၅ ပုံ ၃ ပုံကျော်ကို တာဝန်ပေးသွားမယ်၊ လက်ရှိဝန်ကြီးဌာန ၃၀ ကျော်ကို လည်း ၂၀ ခန့်အထိ လျော့ချဖွဲ့စည်းမယ်လို့  လွန်ခဲ့တဲ့ရက်ပိုင်းက ပြောဆိုထားပါတယ်။

အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်မှာ လာမယ့် ၁၀ ရက်နေ့မှာ ဒုတိယသမ္မတ အမည်စာရင်းတင်သွင်းဖို့ ပြည်ထောင်စုလွှတ်တော်နာယက ရက်သတ်မှတ်ထားပြီး သမ္မတ ရွေးချယ်ပြီးတဲ့အခါ အစိုးရဖွဲ့စည်းမှာဖြစ်ပါတယ်။

၂၀၁၅ နိုင်ဝင်ဘာရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ရှမ်းပြည်နယ်မှာ ဒုတိယအများဆုံးအနိုင်ရထားပြီး ရခိုင်ပြည်နယ်မှာ ရခိုင်အမျိုးသားပါတီက အများစု အနိုင်ရ ထားပါတယ်။

အန်အယ်ဒီအနေနဲ့ ပြည်နယ်နဲ့တိုင်း ၁၄ ခုစလုံးက ၀န်ကြီးချုပ်တွေကို ပါတီတွင်းက အမတ်တွေကိုပဲ လျာထားမယ်လို့  ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013