DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ် သဘာဝသယံဇာတအရင်းအမြစ်စီမံခန့်ခွဲမှု ဒေသခံများပါဝင်ခွင့်ရရန် တောင်းဆို
DVB
·
March 7, 2016
ကချင်ပြည်နယ် သဘာဝသယံဇာတအရင်းအမြစ်စီမံခန့်ခွဲမှု ဒေသခံများပါဝင်ခွင့်ရရန် တောင်းဆို
Donate to DVB

ကချင်ပြည်နယ်ရှိ သဘာဝသယံဇာတ အရင်းအမြစ် စီမံခန့်ခွဲမှုမှာ ဒေသခံတွေပါဝင်ခွင့် ရရှိဖို့နဲ့ လက်ရှိကချင်ပြည်နယ်အတွင်း လုပ်ဆောင်နေတဲ့ စီမံကိန်းတွေကို ရပ်ဆိုင်းထားပေးဖို့ ကချင်ပြည်နယ်လူထု အဖွဲ့က ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

သဘာဝသယံဇာတ အရင်းအမြစ် စီမံခန့်ခွဲခြင်းနှင့်ပတ်သက်ပြီး ကချင်ပြည်နယ်ရှိ အရပ်ဘက် အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့ ဘာသာရေးအဖွဲ့အစည်းပေါင်းစုံ ဆွေးနွေးပြီး ဒီကနေ့ ကြေညာချက်ထုတ်ပြန်တောင်းဆို လိုက်တာဖြစ်ပါတယ်။

ကချင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ ပြဿ နာတွေဟာ သဘာဝသံယံဇာတအရင်းအမြစ် ထုတ်ဝေမှုနဲ့အများကြီး ဆက်နွယ်နေတဲ့အတွက် အခုလို ထုတ်ပြန်တောင်းဆိုရတာ ဖြစ်တယ်လို့ ကချင်လူထုအဖွဲ့ရဲ့ ပြောခွင့်ရသူ ဦးစာဂျီက ပြောပါတယ်။

“အခုလောလောဆယ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ ပြဿ နာမှာ ရေပေါ်ရေအောက်၊ မြေပေါ်မြေ အောက်ရှိ သယံဇာတ သဘာဝအရင်းအမြစ်အားလုံးက နိုင်ငံတော်ပိုင် ဖြစ်သည်ဆိုတဲ့ ဗဟိုပိုင်ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ပြည်နယ်နဲ့တိုင်း မှာရှိတဲ့လူတွေက ဘာမှ စီမံခန့်ခွဲပိုင်ခွင့်မရှိဘူး။ ပိုင်ဆိုင်ခွင့် မရှိဘူး။ အားလုံးက တရားမ၀င်ဖြစ်သွားတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ပြည်နယ်မှာ ရှိတဲ့ ပြည်နယ်သူ ပြည်နယ်သားတွေအားလုံးက ဒီသဘာဝ သံယံဇာတပစ္စည်းနဲ့ ပတ်သက်ပြီးမှ စီမံခန့်ခွဲပိုင်ခွင့်နဲ့ အကျိုးအမြတ်ခွဲဝေပိုင်ခွင့်က ပြည်နယ်မှာ ထားရှိရမယ်ဆိုတဲ့အပိုင်းကို ကျနော်တို့ တောင်းဆိုရခြင်း ဖြစ်တယ်။ ရေရှည် ပြဿ နာ ဖြေရှင်းနိုင်ဖို့အတွက် တိုင်းနဲ့ပြည်နယ် စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု ဖြစ်နိုင်ဖို့ အတွက် ဒီသံယံဇာတ သဘာဝ အရင်းအမြစ်ခွဲဝေတာ၊ စီမံခန့်ခွဲတာက အင်မတန်မှ အရေးကြီးတယ်။ ဒါမှမဟုတ်ရင် အမှားကို ထပ်ခါတလဲလဲဖြစ်စေပြီးမှ မလိုလားအပ်တဲ့ ပဋိပက္ခ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လူမှုပြဿ နာတွေ ထပ်မံဖြစ်ပွားမှာကို မလိုလားတဲ့ အတွက် ထုတ်ပြန်ရတာဖြစ်ပါတယ်။”

ဒါ့အပြင် ဒေသခံပြည်သူတွေအတွက် အကျိုးမရှိတဲ့အရာ စည်းစနစ်မကျတဲ့သဘာဝ သံယာဇတ ထုတ်ဝေသုံးစွဲမှုနဲ့ ဒီမိုကရေစီနည်းစနစ်မဟုတ်တဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေ အားလုံး လည်း ရပ်ဆိုင်းစေချင်တယ်လို့လည်း ပြောပါတယ်။

သူတို့ရဲ့ စုပေါင်းထုတ်ပြန်ချက်မှာလည်း ကချင်ပြည်နယ်အစိုးရက သဘာဝသယံဇာတ ရင်းမြစ်များကို တိုက်ရိုက်ထုတ်ယူသုံးစွဲခွင့်၊ အခွန်ကောက်ခံပိုင်ခွင့်နဲ့ စီမံခန့်ခွဲပိုင်ခွင့်၊ အကျိုး အမြတ်ခွဲဝေပိုင်ခွင့် အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် အာမခံပေးထားဖို့၊ တိုင်းရင်းသား နယ်မြေတွေမှာ ဖြစ်ပွားနေသော ပဋိပက္ခများကို တွန်းအားပေးသော စီမံကိန်းများ အားလုံးနှင့် သဘာဝသယံဇာ တအရင်းအမြစ် ထုတ်ယူသုံးစွဲမှုများကို နိုင်ငံရေးအရ ဖြေရှင်းနိုင်မှုမရှိသေး သ၍ ရပ်တန့်ထားပေးဖို့လည်း တောင်းဆိုထားပါတယ်။

ဒါ့အပြင် စီမံကိန်းလိုင်စင် မချမီ မူလဒေသခံများအား ကြိုတင် အသိပေးအကြောင်းကြားခြင်း၊ ဆွေးနွေး တိုင်ပင်ခြင်း၊ လွတ်လပ်စွာ ဆုံးဖြတ်ခွင့်နှင့် သဘောတူညီချက်များ ရယူခြင်း (Free, Prior, Inform, Consent) လုပ်ဆောင်ပြီးမှသာ လုပ်ငန်းဆောင်ရွက်ရ မည်ဆိုတဲ့ အချက် အပါအ၀င် သဘောထား ၇ ချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်တွေဟာ မတ်လ ၁ ရက်နေ့က ကချင်ပြည်အတွင်းမှာရှိတဲ့ အရပ်ဘက် အဖွဲ့အစည်း တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ဘာသာရေးအဖွဲ့အစည်းပေါင်း ၆၁ ဖွဲ့က လူပေါင်း ၁၀၃ ဦးတုန်းက ဆွေးနွေးဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013