DVB Logo
Home
မြန်မာသတင်း
၃ နှစ်အရွယ်ကလေးကိုသတ်ပြီး အလောင်းဖျောက်မှု ဖြစ်ပွား
DVB
·
March 7, 2016
၃ နှစ်အရွယ်ကလေးကိုသတ်ပြီး အလောင်းဖျောက်မှု ဖြစ်ပွား
Donate to DVB

သန်လျင်မြို့ ဗိုလ်ချုပ်ကျေးရွာ နယ်မြေ ၁၃ မှာ ၃ နှစ်အရွယ် ကလေးကိုသတ်ပြီး အလောင်းဖျောက်မှု မတ်လ ၆ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

မတ်လ ၅ ရက်နေ့က သန်လျင်မြို့နယ် ဗိုလ်ချုပ်ကျေးရွာ နယ်မြေ ၁၃၊ ရွှေညောင်ပင်လမ်းမှာ နေထိုင်တဲ့ အသက် ၂၁ အရွယ် ဒေါ်သီရိကျော်ဟာ ဂန္ထဝင်ရွှေစတား ရေသန့်စက်ရုံမှာ အလုပ်လုပ်နေစဉ်  ၃ နှစ်အရွယ် သမီးဖြစ်သူ မခတ္တာလှိုင် ပျောက်ဆုံးနေတဲ့ အတွက် နေအိမ်ပြန်လာပြီး ရှာဖွေခဲ့ပါတယ်။

အဲဒီလိုရှာဖွေစဉ် မနက် ၁၁ နာရီခွဲခန့်မှာ တရွာတည်းနေ ကိုသန့်ဇင်မျိုးနဲ့ ဇနီးဖြစ်သူ မလဲ့လဲ့ဝင်းတို့ရဲ့ သမီး မစိုးစန္ဒာထွန်းက မခတ္တာလှိုင် သူတို့အိမ်ကို လာရောက်ပြီး ဖရဲသီးခိုးစားခဲ့လို့ တိုင်တန်းခဲ့ကြောင်း သိရတာကြောင့် မလဲ့လဲ့ဝင်းတို့အိမ်ကို သွားရောက်မေးမြန်းရာ မလဲ့လဲ့ဝင်းက မရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။

အဆိုပါ ငြင်းဆိုခဲ့တဲ့ မလဲ့လဲ့ဝင်းကို မသင်္ကာလို့ မတ်လ ၅ ရက်နေ့ညက သွားရောက်စောင့်ဆိုင်း ကြည့်ရှုနေစဉ် မတ်လ ၆ ရက်နေ့ မနက် ၁ နာရီခန့် မီးပြတ်နေတုန်း မလဲ့လဲ့ဝင်းက အထုပ် ၁ ထုပ်မကာ ထွက်လာစဉ် မီးပြန်လင်းလာလို့ အထုပ်ကို ပစ်ချ ထွက်ပြေးတာကြောင့် ၀ိုင်းဝန်းဖမ်းဆီးခဲ့ပါတယ်။

မလဲ့လဲ့ဝင်း သယ်လာတဲ့ ပီနံအိတ်ကို ဖွင့်ကြည့်ရာ ၀မ်းဗိုက်မှာ ဓားဒဏ်ရာ ၅ ချက်၊ လည်ပင်းမှာ မွှန်းခြစ်ထားတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ မခတ္တာလှိုင်ကို တွေ့ရှိရတာကြောင့် သမီးဖြစ်သူ မခတ္တာလှိုင်ကို သေဆုံးအောင်ပြုလုပ်ပြီး အလောင်းဖျောက်ဖျက်ဖို့ ပြုလုပ်တဲ့ သန့်ဇင်မျိုးနဲ့ ဇနီးဖြစ်သူ မလဲ့လဲ့ဝင်းတို့ကို သန်လျင်မြို့မ ရဲစခန်းမှာ အမှုဖွင့်တိုင်တန်းခဲ့တာကြောင့် (ပ)၂၇၅/၂၀၁၆၊ ပုဒ်မ-၃၀၂/၂၀၁တို့နဲ့ အမှုဖွင့် အရေးယူ စစ်ဆေးနေတယ်လို့ သိရှိရပါတယ်။

(ဓာတ်ပုံ - Police Media Group)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013