DVB Logo
Home
မြန်မာသတင်း
ဆလုံတိုင်းရင်းသား ရိုးရာပွဲတော် ပြန်လည်ကျင်းပမည်
DVB
·
March 7, 2016
ဆလုံတိုင်းရင်းသား ရိုးရာပွဲတော် ပြန်လည်ကျင်းပမည်
1 / 3
Donate to DVB

မြိတ်ကျွန်းစုအတွင်း ကျွန်းတွေမှာ နေထိုင်ကျက်စားပြီး  လူဦးရေ ၁၉၀၀ သာ ကျန်တော့တဲ့  မော်ကင်း (ခ) ပင်လယ်ရေပျော် ဆလုံတိုင်းရင်းသားတွေရဲ့ ရိုးရာပွဲတော်ကို မွေးမြူရေး ၀န်ကြီးရဲ့ ပံ့ပိုးမှု တိုင်းဒေသကြီးအစိုးရ အစီအစဉ်နဲ့  ပြန်လည်ကျင်းပသွားမှာပါ။

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်ရှိ အလယ်မန် ကျေးရွာအုပ်စု (ခင်ပြည့်စုံကျွန်း) လငန်းကျေးရွာမှာ မတ်လ ၁၀ နေ့ကျရင် ရိုးရာပွဲတော်ကို ကျင်းပပြုလုပ်သွားဖို့  ပြင်ဆင်ထားတယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

ဆလုံတိုင်းရင်းသားတွေရဲ့ ပွဲတော်အတွင်း ရိုးရာနတ်ကပွဲတွေ လှေလှော်ပြိုင်ပွဲတွေနဲ့ ရေကူးပြိုင်ပွဲတွေပါမှာဖြစ်ပြီး ဆလုံတိုင်းရင်းသားတွေရဲ့ နေထိုင်မှုပုံစံကို ဖော်ညွှန်းထားတဲ့ ဓာတ်ပုံပြခန်းကိုလဲ ဓာတ်ပုံဆရာ ပြည်စိုးထွန်းက လာရောက်ပြသသွားမှာလို့ လငန်းရွာ ရာအိမ်မှူး ဦးသိန်းစံက ရှင်းပြပါတယ်။

ဆလုံလူမျိုးနွယ်စု ရိုးရာပွဲတော်ကို လွန်ခဲ့တဲ့ ဆယ်စုနှစ်ဝန်းကျင် အရင်စစ်အစိုးရလက်ထက်မှာ နိုင်ငံတော်အခမ်းအနားနဲ့ တစ်ကြိမ်သာ ကျင်းပေးခဲ့ပြီး၊ အဲ့နောက်ပိုင်းမှာ ကိုယ့်အစီအစဉ်နဲ့သာကိုယ် အကျဉ်းချုံးကျင်းပနိုင်ခဲ့ပါတယ်။

မြိတ်ခရိုင် ကျွန်းစုမြို့နယ်အတွင်းမှာရှိတဲ့ ဒုံးပလဲအော်၊ ညောင်မှိုင်း  ဘုတ်ပြင်းမြို့နယ်ထဲက လငန်းရွာ၊ မကျုံဂလက်ကျေးရွာ ဂျလန်းကျွန်း၊ ဇာဒက်ကြီးကျွန်း တွေမှာ ဆလုံ(မော်ကင်း)တိုင်းရင်းသားများ နေထိုင်လေ့ရှိကြပါတယ်။

သတင်း - မြတ်ထွဋ် (မြိတ်)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013