DVB Logo
Home
မြန်မာသတင်း
ထားဝယ်-မြိတ်-ကော့သောင်း အမြန်ရေယာဉ်များ ပြေးဆွဲမှု ရပ်နား
DVB
·
March 6, 2016
ထားဝယ်-မြိတ်-ကော့သောင်း အမြန်ရေယာဉ်များ ပြေးဆွဲမှု ရပ်နား
1 / 4
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်-မြိတ်-ကော့သောင်းမြို့တွေကို ပြေးဆွဲနေတဲ့ ရှပ်ပြေး အမြန်ရေယာဉ်တွေဟာ စီးနင်းမယ့် ခရီးသည်နည်းပါးလာပြီး တွက်ခြေမကိုက်လို့ ၂၀၁၆ ခုနှစ် ဇန်န၀ါရီလဆန်းပိုင်းမှ စတင်ကာ ပြေးဆွဲမှု ရပ်နားထားရပါတယ်။

ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ထားဝယ်နဲ့ မြိတ်မြို့နယ်တွေမှာ ထီးခီးနဲ့ မောတောင်နယ်စပ်ဂိတ်တို့ကို ဖွင့်လိုက်တာကြောင့် ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေဟာ နီးစပ်ရာ နယ်စပ်ဂိတ်တွေကတဆင့် ကားလိုင်းတွေနဲ့ ၀င်သူများလာလို့ ရှပ်ပြေး အမြန်ရေယာဉ်တွေကို စီးနင်းသူနည်းပါးခဲ့ပြီး အခုလို ရပ်နားရတာလို့ ဟိုင်ဖိုင်အမြန်ရေယာဉ်လိုင်းမှ တာဝန်ရှိသူတဦးက ပြောဆိုပါတယ်။

ရေယာဉ်တွေ ရပ်နားချိန် ကာလအတွင်း အမြန်ရေယာဉ် ပြုပြင် ထိန်းသိမ်းစရိတ်၊ ၀န်ထမ်းစရိတ်များ ရှိနေတာကြောင့် နစ်နာမှုတွေ ကာမိစေဖို့ ကျွန်းတွေကို ခရီးသွားဝန်ဆောင်လုပ်ငန်း ပြောင်းလဲပြေးဆွဲနေရကြောင်း အမြန်ရေယာဉ်ပြေးဆွဲနေသူတွေက ပြောပါတယ်။

ထားဝယ်- မြိတ်- ကော့သောင်းမြို့ကို ပြေးဆွဲနေတဲ့ ရှပ်ပြေး အမြန်ရေယာဉ်တွေကို ၁၉၉၉ ခုနှစ်က စတင်က အမြန်ယာဉ် ၃ စီးနဲ့ ပြေးဆွဲလာခဲ့ပြီး နောက်ပိုင်း ၁၀ စီးအထိ ရှိလာခဲ့တယ်လို့ သိရပါတယ်။

ရှပ်ပြေး အမြန်ရေယာဉ်တစီးမှာ ခရီးသည် ၁၀၀ ကနေ ၂၀၀ အထိ တင်ဆောင်နိုင်ကြောင်း သိရပါတယ်။

လက်ရှိအချိန်အထိတော့ ရှပ်ပြေး အမြန်ရေယာဉ်တွေ ထပ်ပြီး ပြေးဆွဲမှာလား ရပ်နားမှာလားဆိုတာကို အတိအကျမပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

သတင်း - မြတ်ထွဋ် (မြိတ်)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013