DVB Logo
Home
မြန်မာသတင်း
ထိုင်းနယ်စပ်တွင် တရားမ၀င်မြန်မာ ၄၆ ဦး ဖမ်းမိ
DVB
·
March 6, 2016
ထိုင်းနယ်စပ်တွင် တရားမ၀င်မြန်မာ ၄၆ ဦး ဖမ်းမိ
Donate to DVB

ထိုင်းနိုင်ငံအနောက်ပိုင်း၊ ဆိုင်ယော့ခရိုင်ထဲမှာ ဒီနေ့မနက်ပိုင်းက စာရွက်စာတမ်းမဲ့ နိုင်ငံတွင်း တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၄၆ ဦးကို ရဲတွေက ဒီနေ့ ဖမ်းဆီးရမိခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

ခုလိုဖမ်းဆီးရမိခဲ့တာဟာ နေရာနှစ်နေရာမှာ ဖမ်းမိခဲ့တာဖြစ်ပြီး ပထမတခုက မနက်ပိုင်း ၁ နာရီ ၄၀ မိနစ်လောက်မှာ ဘွန်တီ-၀မ်ဖိုလမ်းမကြီး၊ ဖူနွိုင်စစ်ဆေးရေးဂိတ်မှာ စစ်ဆေးချိန်မှာ ပစ်ကပ်ကားနှစ်စီးနဲ့ သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်း မိခဲ့တာပါ။

နှစ်စီးထဲက တစီးဖြစ်တဲ့ မာဇဒါပစ်ကပ်ကားကို မြန်မာယာဉ်မောင်းက မောင်းနှင် လာတာဖြစ်ပြီး ကားပေါ်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၁ ဦးပါဝင်ပါတယ်။

နောက်တစီးဖြစ်တဲ့ နစ်ဆန်းပစ်ကပ်ကားကိုတော့ ကန်ချနာဘူရီခရိုင်တွင်းနေ ထိုင်းယာဉ်မောင်း အသက် ၃၇ နှစ်အရွယ် တွန်ရက် ချန်မရွန်ချော့ကော့ကီက မောင်းနှင်လာကာ ကားပေါ်မှာ လူ ၁၈ ယောက်ပါဝင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ယာဉ်မောင်းနှစ်ဦးစလုံးက သူတို့ကို ဆိုင်တော့ခရိုင်၊ ဘန်ထိုင်းမောင်အရပ်အနီး တောတွင်းကနေ ဆိုင်ယော့ခရိုင်၊ ပတ်ခီးလန်ကျေးရွာဆီပို့ဆောင်ပေးဖို့ ငှားရမ်းခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

တချိန်တည်းမှာပဲ ကန်ချနဘူရီ-ဆောင်ကလာဘူရီကားလမ်းမကြီးပေါ်မှာ ဘတ်စ် ကားတစီးပေါ်ပါလာတဲ့ တရားမ၀င်မြန်မာနိုင်ငံသား ၇ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဒေး လီးနယူးစ်အွန်လိုင်းသတင်းတပုဒ်ကို ညွှန်းပြီး ဘန်ကောက်ပို့စ်သတင်းက ဖော်ပြပါ တယ်။

သာဆအိုစစ်ဆေးရေးဂိတ်မှာ စစ်ဆေးချိန်မှာ ဘတ်စ်ကားပေါ်မှာပါလာတဲ့ မြန်မာ နိုင်ငံသားတွေကို ဖမ်းဆီးရမိခဲ့တာပါ။

ခုဖမ်းဆီးရမိခဲ့တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအားလုံးကို တရားမ၀င်ဝင် ရောက်လာမှုအတွက် စွဲချက်တင်သွားမှာ ဖြစ်ပြီး မြန်မာယာဉ်မောင်းနဲ့ ထိုင်းယာဉ်မောင်း ကိုတော့ တရားမ၀င်ရွှေ့ပြောင်းအလုပ်သမားတွေကို တင်ဆောင်လာတဲ့ လူမှောင်ခိုမှုနဲ့ စွဲချက်တင်ခံရမှာဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ထိုင်းနယ်စပ်တွင် တရားမ၀င်မြန်မာ ၄၆ ဦး ဖမ်းမိ