DVB Logo
Home
မြန်မာသတင်း
ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း လွန်ကဲအဆင့်ရောက်ရှိမည်
DVB
·
March 6, 2016
ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း လွန်ကဲအဆင့်ရောက်ရှိမည်
Donate to DVB

တပြည်လုံးမှာ  ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတန်ဖိုးတွေဟာ မတ်လ ၆ ရက် နေ့မှာ လွန်ကဲအဆင့်နဲ့ အလွန်မြင့်တဲ့အဆင့်မှာ ရောက်ရှိနေလိမ့်မယ်လို့ မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က အသိပေးထားပါတယ်။

ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတွေမှာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အလွန်မြင့်မားအဆင့် (8.9 မှ 10.9) အထိ ရှိနိုင်ပြီး ကျန်ဒေသတွေမှာ လွန်ကဲအဆင့် (11.1 မှ 13.0) အထိရှိနိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် လာမယ့်တပတ်အတွင်း နေ့အပူချိန် 45°C ကျော်လွန်ပြီး အပူချိန်မြင့်တက်လာနိုင်မှုကိုလည်း သတိပေးထားပါတယ်။

မတ်လ (၅) ရက်နေ့မှ (၁၂) ရက်နေ့အတွင်း စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းမြောက်ပိုင်း၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတောင်ပိုင်း တို့မှာ နေ့အပူချိန် 40°C ကနေ 45°C အထိ တက်လာနိုင်ပြီး မကွေးတိုင်း အနောက်တောင်ပိုင်းမှာတော့ နေ့အပူချိန်ဟာ နေ့အပူချိန်ဟာ  45°C အထက်ကို ကျော်လွန်ရောက်ရှိလာနိုင်တယ်လို့ ဒေါက်တာထွန်းလွင်က သတိပေးထားတာပါ။

ကျန်တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေမှာ နေ့အပူချိန် 35°C-38°C ကြားရှိနိုင်ကြောင်း ခန့်မှန်းပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013