DVB Logo
Home
မြန်မာသတင်း
ဒဂုံမြို့နယ်တွင် ဟိုတယ်ပေါ်မှ ဂျပန်နိုင်ငံသားတဦး ပြုတ်ကျသေဆုံး
DVB
·
March 6, 2016
ဒဂုံမြို့နယ်တွင် ဟိုတယ်ပေါ်မှ ဂျပန်နိုင်ငံသားတဦး ပြုတ်ကျသေဆုံး
Donate to DVB

ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ န၀ဒေးလမ်း၊ ALFA Hotel ၁၀ လွှာမှာ တည်းခိုနေထိုင်နေတဲ့  ဂျပန်နိုင်ငံသား Mr. KURIHARA KENTARO ဟာ ဒီကနေ့ မနက် ၇ နာရီ ၀န်းကျင်းလောက်က အခန်းပြတင်းပေါက်ကနေ ပြုတ်ကျ သေဆုံးသွားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။

အခန်းပြတင်းပေါက်ကနေ ပြုတ်ကျခဲ့ရာ ဓာတ်ကြိုးနဲ့ ဟိုတယ်ရှေ့မှာ ရပ်ထားတဲ့  ကားခေါင်မိုးပေါ်မှတစ်ဆင့် မြေပြင်ပေါ်ကို ပြုတ်ကျပြီး သေဆုံးသွားတာပါ။

သေဆုံးသူ ဂျပန်နိုင်ငံသားဟာ SOJITZ Corporation Yangon နဲ့ ဆက်သွယ်ပြီး စားသောက်ကုန်လုပ်ငန်းဆောင်ရွက်ဖို့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဟိုတယ်ကို ရောက်ရှိနေတာပါ။

အခန်းအမှတ် ၁၀၀၉ မှာ တည်းခိုနေထိုင်ရာကနေ မတ်လ ၅ ရက်နေ့က အင်တာ နက် ဆက်သွယ်မှုမကောင်းတဲ့အတွက် အခန်းအမှတ် ၁၀၀၃ ကို ပြောင်းရွှေ့ခဲတာဖြစ်ပြီး သေဆုံးမှုနဲ့ ပက်သက်လို့ ဒဂုံမြို့မရဲစခန်းက စစ်ဆေးဆောင်ရွက်လျက်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013