DVB Logo
Home
မြန်မာသတင်း
အရေးပါသည့် အန်အယ်လ်ဒီထိပ်ပိုင်းခေါင်းဆောင်များ အစည်းအဝေး ယနေ့ကျင်းပမည်
DVB
·
March 6, 2016
အရေးပါသည့် အန်အယ်လ်ဒီထိပ်ပိုင်းခေါင်းဆောင်များ အစည်းအဝေး ယနေ့ကျင်းပမည်
Donate to DVB

ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အရေးပါတဲ့ ပါတီထိပ်တန်းခေါင်းဆောင်တွေ တက်ရောက်မယ့် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို ဒီကနေ့  မွန်းလွဲပိုင်း  နေပြည်တော်ရှိ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှင်းဆီနေအိမ်မှာ ကျင်းပမယ်လို့ ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးညီပုက ဒီဗွီဘီကို ပြောပါတယ်။

လာမယ့် သီတင်းပတ် မတ် ၁၀ ရက်နေ့ အန်အယ်လ်ဒီပါတီအမတ်တွေ အများစုပါဝင်တဲ့  ပြည်ထောင်စုလွှတ်တော်မှာ ဒုသမ္မတလောင်းတွေကို အမည်စာရင်း တင်သွင်းဖို့ ရှိနေချိန်မှာ  ခုလို ဗဟိုကော်မတီ အစည်းအဝေးကို ခေါ်ယူကျင်းပတာဖြစ်ပါတယ်။

ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်ကတော့ ဒီအစည်းအဝေးအပြီးမှာ အန်အယ်လ်ဒီက ဖွဲ့စည်းမယ့် အစိုးရအဖွဲ့သစ်ကိစ္စတွေနဲ့   ပြည်နယ်နဲ့တိုင်းဒေသကြီး ၀န်ကြီးချုပ်တွေ ခန့်အပ်မယ့် ကိစ္စတွေ ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းနိုင်တယ်လို့လည်း မီဒီယာတွေကို ပြောထားပါတယ်။

မနေ့ကတော့   နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့  နေအိမ်မှာ အန်အယ်လ်ဒီ စီးပွားရေးကော်မတီဝင် ၈ ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံရာမှာပါဝင်တဲ့ အန်အယ်လ်ဒီ စီးပွားရေးကော်မတီဝင် ပြည်တွင်းအခွန် လက်ထောက်ညွှန်ကြားရေးမှူးဟောင်း ဦးကျော်ဝင်းက  “ကျနော်တို့ အဓိကတော့ လောလောဆယ် နောက်အစိုးရသစ်တက်လာတဲ့ အခါကျရင် ပြည်သူလူထုနဲ့ တိုင်းပြည်ကို ဘယ်လောက်အထိ  မြန်မြန်ဆန်ဆန် အကျိုးပြုနိုင်မယ့် ကိစ္စတွေကို ပိုပြီးတော့ဆွေးနွေးတာပါ၊ အခက်အခဲဖြစ်နိုင်တဲ့၊ အကျပ်အတည်းဖြစ်နိုင်တဲ့ကိစ္စတွေကတော့ တဖြည်းဖြည်းနဲ့ မျှမျှတတနဲ့ ပြည်သူတွေအတွက်လည်း အကျိုးရှိ တိုင်းပြည်အတွက်လည်း အကျိုးရှိအောင် ဒါတွေက ရေရှည်စဉ်းစားသွားရမှာပါ။ လောလောဆယ်က ရက် ၁၀၀ အတွင်းမှာ ဘာတွေလုပ်မယ်ဆိုတာ အဓိက ဆွေးနွေးကြတာပါ” လို့ပြောပါတယ်။

ဒီကနေ့ခေါ်ယူကျင်းပတဲ့  ဗဟိုကော်မတီ အစည်းအဝေးဟာ အန်အယ်လ်ဒီပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို အဖွဲ့ဝင် ၁၆ ဦးနဲ့ တိုးချဲ့ဖွဲ့စည်းပြီးနောက် ပထမဆုံးကျင်းပတဲ့ ဗဟိုကော်မတီအစည်းအဝေးလည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013