DVB Logo
Home
မြန်မာသတင်း
လွှတ်တော်အမတ်ရုံးဝန်ထမ်း ကျွမ်းကျင်သင်တန်း ဖွင့်လှစ်မည်
DVB
·
March 5, 2016
လွှတ်တော်အမတ်ရုံးဝန်ထမ်း ကျွမ်းကျင်သင်တန်း ဖွင့်လှစ်မည်
Donate to DVB

မြန်မာလွှတ်တော်အမတ်တွေ လွှတ်တော်ရေးရာကိစ္စတွေကို ထိရောက်ပီပြင်စွာ ဆောင်ရွက်နိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ်ရုံး အထောက်အကူပြုဝန်ထမ်း ကျွမ်းကျင်သင်တန်းကို မတ် ၂၁ ရက် ရန်ကုန်မှာ ပထမဆုံးအကြိမ် စတင်ဖွင့်လှစ်ဖို့ ရှိနေပါတယ်။

ဒီသင်တန်းကို The Sun Institute၊ EMR နဲ့  မြန်မာစာအုပ်စာပေထောက်ပံ့ရေးနှင့် ထိန်းသိမ်းရေးဖောင်ဒေးရှင်း (MBAPF) အဖွဲ့ ၃ ဖွဲ့ပူးပေါင်းပြီး ရှေ့ပြေးစမ်းသပ်တဲ့အနေနဲ့ အခမဲ့ဖွင့်လှစ်တာလို့ The Sun Institute အုပ်ချုပ်ရေးတာဝန်ရှိသူ ဒေါ်ခိုင်ပြည့်စုံ ကပြောပါတယ်။

“အဓိကက လွှတ်တော်ထဲမှာရှိတဲ့ ကိုယ်စားလှယ်တွေ လုပ်ငန်းလုပ်ရတာပိုပြီးတော့ တွင်ကျယ်ကောင်းမွန်အောင် ရုံးအဖွဲ့က အကောင်းဆုံး ထောက်ပံ့ပေးနိုင်ဖို့ပါ။ အသက် ၁၈ နှစ်ပြည့်ပြီး ဘယ်သူမဆို တက်လို့ရပါတယ်။”

ပို့ချပေးမယ့် ဘာသာရပ်တွေထဲမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာအသိပညာတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တာဝန်နဲ့ ၀တ္တရားတွေ၊ ခေါင်းဆောင်မှုစွမ်းရည်၊ လက်တွေ့ အသုံးချသုတေသန နည်းပညာနဲ့  ပြည်သူ့ဆက်ဆံရေး စတာတွေပါဝင်ပါတယ်။

သင်တန်းကာလကတော့ ၂ လနီးပါး၊ နာရီပေါင်း ၂၄၀ ကြာမြင့်မှာဖြစ်ပြီး လွှတ်တော် အမတ်တွေအပါအ၀င် ပြည်တွင်းက လွှတ်တော်ရေးရာ ကျွမ်းကျင်သူတွေက သင်ကြားပေးမှာပါ။

ဒီမိုကရေစီနိုင်ငံတွေမှာ လွှတ်တော်ကိုယ်စားလှယ်ရုံး အထောက်အကူပြု ရုံးဝန်ထမ်းတွေရဲ့ အခန်းကဏ္ဍဟာ အရေးပါလာတဲ့အတွက် ကျွမ်းကျင်ဝန်ထမ်းတွေ ခန့်အပ်ခြင်းဖြင့် လွှတ်တော်အမတ်တွေအနေနဲ့ တာဝန်တွေ ပြင်ဆင်ရာမှာ မြန်ဆန်လွယ်ကူတာ၊ ပြည်သူတွေထံက အကြံပြုချက်တွေနဲ့ သတင်းအချက်အလက်တွေ ရရှိစုစည်းနိုင်တာနဲ့ ဥပဒေကြမ်းတွေ အဆိုမေးခွန်းတွေပြုစုရာမှာ လိုအပ်တဲ့ သုတေသန သတင်းအချက်အလက်တွေ စုစည်းနိုင်တာတွေ ဆောင်ရွက်နိုင်တဲ့ အကျိုးရရှိစေမယ်လို့ သင်တန်း စီစဉ်သူတွေက ကြေညာထားပါတယ်။

တက္ကသိုလ်ဘွဲ့ရမည်သူမဆို မတ်လ ၅ ရက်နေ့ကနေ မတ်လ ၁၉ ရက်အထိ ဘွဲ့လက်မှတ်မိတ္တူ၊ ဓာတ်ပုံ ၂ ပုံ၊ ရပ်ကွက်ထောက်ခံစာ၊ မှတ်ပုံတင်တို့နဲ့ အတူ ရန်ကုန်ရှိ The Sun Institute ကျောင်းမှာ လူကိုယ်တိုင်သွားရောက်လျောက်ထားနိုင်တယ်။

သင်တန်းလိပ်စာကတော့ ရန်ကုန်မြို့၊ ပန်ဘဲတန်းမြို့နယ်၊ လမ်း ၃၀နဲ့ ၃၁လမ်းထောင့်  မဟာဗန္ဓုလလမ်း၊ အမှတ် ၄၅၈/၄၆၀၊ ရသာကွန်ဒို ၄လွှာ၊ အခန်း ၄ စီ၊   ဖုန်း ၀၁- ၃၈၄၁၇၀ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013