DVB Logo
Home
မြန်မာသတင်း
အိန္ဒိယမှ မီးရထားစက်ခေါင်းတွဲသစ်များ ဝယ်ယူမည်
DVB
·
March 4, 2016
အိန္ဒိယမှ မီးရထားစက်ခေါင်းတွဲသစ်များ ဝယ်ယူမည်
1 / 4
Donate to DVB

ရထားပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားနဲ့ အိန္ဒိယနိုင်ငံ နည်းပညာနှင့် စီးပွားရေး ဆောင်ရွက်မှုကုမ္ပဏီတို့ YDM-4 ခေါင်းတွဲသစ် ၁၈ ခေါင်းဝယ်ယူရေးနဲ့ပတ်သက်ပြီး သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲကို ဒီကနေ့ နေပြည်တော် ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှာ ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီ မီးရထားခေါင်းတွဲသစ် ၁၈ ခေါင်းကို အိန္ဒိယချေးငွေနဲ့ဝယ်ယူမှာဖြစ်ပြီး စက်ခေါင်း တစ်ခေါင်းလျှင် ကန်ဒေါ်လာ ၁.၈ သန်း ကျသင့်ပြီး ၁၈ ခေါင်းအတွက် ကန်ဒေါ်လာ ၃၂.၄သန်း ကုန်ကျမှာပါ။

အခုဝယ်ယူတဲ့ စက်ခေါင်းတွေဟာ စာချုပ်ချုပ်ပြီး ၈ လကနေ ၁ နှစ်အတွင်း ပထမအသုတ် အဖြစ် စက်ခေါင်း ၆ ခေါင်းရောက်ရှိမှာဖြစ်ပြီး ရန်ကုန်-မန္တလေးလမ်းပိုင်း၊ မန္တလေး- မြစ်ကြီးနား လမ်းပိုင်း၊ ရန်ကုန် - ပြည်လမ်းပိုင်းနဲ့ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတွေက လူစီးရထားတွေနဲ့ ကုန်တင်ရထားတွေမှာ အသုံးပြုသွားမယ်လို့ မြန်မာ့မီးရထား အင်ဂျင်နီယာ/ စီမံဌာနက အထွေထွေမန်နေဂျာ ဦးအောင်ဝင်းကပြောပါတယ်။

သတင်းဓာတ်ပုံ - ကျော်ဇေယျာဝင်း

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013