DVB Logo
Home
မြန်မာသတင်း
ရှမ်းညီညွတ်ရေးညီလာခံ တားမြစ်ခံရသဖြင့် ဖျက်သိမ်း
DVB
·
March 4, 2016
ရှမ်းညီညွတ်ရေးညီလာခံ တားမြစ်ခံရသဖြင့် ဖျက်သိမ်း
1 / 5
Donate to DVB

ရှမ်းနိုင်ငံရေးပါတီ၊ လက်နက်ကိုင်အဖွဲ့နဲ့ လူမှုအခြေပြုအဖွဲ့တွေပါဝင်တဲ့ ရှမ်းပြည်ညီညွတ်ရေး ညီလာခံကို ရန်ကုန်မြို့မှာမနေ့ကစပြီး ၃ ရက်တာ ကျင်းပနေရာမှာ နယ်မြေခံ စစ်ဘက်ဆိုင်ရာလုံခြုံရေးအဖွဲ့နဲ့ အာဏာပိုင်တွေရဲ့ တားမြစ်ချက်ကြောင့် ညီလာခံရပ်နားလိုက်ရပါတယ်။

မတ်လ ၃ ရက် နေ့ခင်းပိုင်းမှာ အစည်းအဝေး ပထမရက်ကို အဆင်ပြေပြေ ကျင်းပနိုင်ေ ပမယ့်လည်း ညနေပိုင်းမှာ အာဏာပိုင်တွေက ဖိအားပေးတားမြစ်ခဲ့တာလို့ ပွဲဖြစ် မြောက်ရေးအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပြောခွင့်ရသူ ဦးစိုင်းလိတ်က ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ မီကာဆာဟိုတယ်မှာ ညီလာခံလုပ်နေရင်းတန်းလန်းနဲ့ စရဖ ကလာပြီး အထဲကို ၀င်ခွင့်တောင်းတယ်။ ကျနော်က ၀င်ခွင့်မပေးနိုင်ဘူးဆိုတဲ့အခါကျတော့ စိတ်အနှောင့် အယှက် ဖြစ်သွားတယ်နဲ့ တူပါတယ်။ အဲဒါနဲ့ ဟိုတယ်မန်နေဂျာကို အစည်းအဝေးကျင်းပဖို့ ခွင့်ပြူချက်ရှိမရှိသွားမေးတယ်။ ကျနော်တို့က နိုင်ငံရေးပါတီဖြစ်တယ်။ ပြည်ထောင်စုအဆင့် ဆွေး နွေးပွဲမှာပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေလည်းပါတယ်။ ငြိမ်းချမ်းရေး အထောက်အကူပြု ဆွေးနွေးပွဲလည်းဖြစ်တဲ့အတွက် ခွင့်ပြုချက် တကူးတကလုပ်စရာ မလိုဘူးလို့ ယူဆထား တယ်လေ။ ဒါပေမယ့် သက်ဆိုင်ရာက နောက်နေ့ဆက်လုပ်မယ့် ပွဲတွေအတွက် ခွင့်ပြုမိန့် တင်ခိုင်းတယ်။ ကျနော်တို့လည်း အနောက်ပိုင်း ခရိုင်အုပ်ချုပ်ရေးမှူးရုံးကို စာသွားတင်ပါ တယ်။ အဲဒီမှာ မပြည့်စုံဘူးလို့ပြောတယ်။ ရပ်ကွက်ထောက်ခံစာနဲ့ ရဲစခန်းထောက်ခံစာ ထပ်တောင်းတယ်။ အဲဒီချိန်က ညနေ ၅ နာရီခွဲကျော် ၆ နာရီ ထိုးခါနီးနေပြီ။ ရုံးတွေလည်းပိတ်ပြီ။ သူတို့ပြောတဲ့နေရာတွေလည်း လိုက်ရှာရဦးမှာဆိုတော့ အချိန်မမီတော့ ဘူးလေ။”

အုပ်ချုပ်ရေးရုံးအနေနဲ့ ခွင့်မပြုနိုင်ရင် ခွင့်မပြုတဲ့အကြောင်း လက်မှတ်ထိုးပေးဖို့ ရှမ်း တိုင်းရင်းသားအဖွဲ့တွေက တောင်းဆိုခဲ့ပေမယ့် မရခဲ့ဘူးလို့ လည်းဆိုပါတယ်။

ညီလာခံ ဆက်လုပ်ဖို့ ဆုံးဖြတ်ပေမယ့် ဟိုတယ်မန်နေဂျာကို သက်ဆိုင်ရာက ခွင့်ပြုချက် မပါရင်လက်မခံဖို့ ကြိုတင်ဖိအားပေးထားပြီး ဖြစ်တဲ့အတွက် ဟိုတယ်ကလည်း လက်မခံလို့ မလုပ်တော့ဘဲ ညီလာခံရပ်နားလိုက်တယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။

ရှမ်းအဖွဲ့တွေဟာ ယခင်ကလည်းဆွေးနွေးပွဲတွေရှိခဲ့ပေမယ့် တားမြစ်ခံရတာမရှိ ခဲ့ကြောင်း၊ ဆွေးနွေးပွဲကို ခွင့်ပြုချက်ပါမှ ဆောင်ရွက်ဖို့ စည်းမျဉ်းစည်းကမ်း သတ်မှတ်ထားတာကို လက်ခံပေမယ့် အခုလိုမဖြစ်ရလေအောင် အာဏာပိုင်တွေအနေနဲ့ အများပြည်သူ သိရှိ အောင် ကြေညာပေးသင့်သလို သက်ဆိုင်ရာ အဖွဲ့အစည်းတွေဆီလည်း ကြိုတင်ညွှန်ကြားစာ တွေ ထုတ်ပေးသင့်ကြောင်း ဦးစိုင်းလိတ်က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှမ်းအဖွဲ့က ဒီကနေ့ ညနေမှာ မီဒီယာတွေကို တွေ့ဆုံ သတင်းစာရှင်းလင်းဖို့ အစီအစဉ်ရှိပါတယ်။
ဓာတ်ပုံ - Ying Cherry

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013