DVB Logo
Home
မြန်မာသတင်း
မြန်မာ့ရေပြင်တွင် ငါးသယံဇာတ အလွန်အမင်း လျော့နည်းကျဆင်းလာ
DVB
·
March 4, 2016
မြန်မာ့ရေပြင်တွင် ငါးသယံဇာတ အလွန်အမင်း လျော့နည်းကျဆင်းလာ
Donate to DVB

မြန်မာ့ရေပိုင်နက်ထဲမှာ ငါးသယံဇာတ တည်ရှိမှု အလွန်အမင်း လျော့နည်းကျဆင်း သွားတယ်လို့ မတ် ၃ ရက်နေ့က ရန်ကုန်မှာ ထုတ်ပြန်တဲ့ Dr. Fridtjof Nansen ငါးသုတေသနရေယာဉ်ရဲ့  သုတေသနရလဒ်အရ သိရပါတယ်။

နော်ဝေနိုင်ငံရဲ့ အကူအညီနဲ့ ဆောင်ရွက်တဲ့ အဆိုပါ ရေယာဉ်ရဲ့ ငါးသယံဇာတ ကြည့်ရှု တိုင်းတာချက်အရ ၁၉၇၉-၁၉၈ဝ ပြည့်နှစ်နဲ့  ၂ဝ၁၃ ခုနှစ် မိုးလွန်ကာလရဲ့ သုတေသနရလဒ်ကို တိုင်းတာကြည့်ရာမှာ ရေပေါ်နေ ငါးအုပ်စုမှာ အရင်က တန် ၁ဝဝဝဝဝဝ ရှိရာက တန် ၁၁ဝဝဝဝ ကို ၉ဝ ရာခိုင်နှုန်းခန့် ကျဆင်းသွားပြီး ရေအောက် ကြမ်းပြင် ငါးအုပ်စုကတော့  ၇၅ဝဝဝဝ တန်ကနေ ၂၈ဝဝဝဝ တန်ကို ၇၅ ရာခိုင်နှုန်းခန့် ကျဆင်းသွားတယ်လို့  ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာဖော်ပြပါတယ်။

ဧရာဝတီတိုင်း ရေပြင်အတွင်းရှိ အရှေ့မြောက်ဘက် ငါးဖမ်းကွက်တွေမှာ  ငါးမျိုးစိတ်များစွာရဲ့ သားလောင်းတွေကို တွေ့ရလို့  ဒီနေရာဟာ မြန်မာ့ရေပြင်အတွင်း အဓိကကျတဲ့ ငါးပေါက်ဖွားရာနေရာဒေသအဖြစ် လေ့လာတွေ့ရှိရတယ်လို့ လည်းဆိုပါတယ်။

တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်အနီး ငါးဖမ်းကွက်တချို့မှာတော့ သန္တာကျောက်တန်းတွေ အများအပြား ပျက်စီးနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

အဆိုပါ ငါးသုတေသနရေယာဉ်ဟာ မြန်မာနိုင်ငံမှာ ငါးသယံဇာတ ကြည့်ရှုတိုင်းတာ ရေးလုပ်ငန်းတွေကို ၁၉၇၉ စတ်တင်ဘာမှ နိုဝင်ဘာအထိ တစ်ကြိမ်၊ ၁၉၈ဝ မတ်လက ဧပြီအထိ တစ်ကြိမ်၊ ၂ဝ၁၃ နိုဝင်ဘာ ၁၃ ရက်က ဒီဇင်ဘာ ၁၉ ရက်အထိ တစ်ကြိမ်၊ ၂ဝ၁၅  ဧပြီ ၂၅ ရက်မှ ဇွန် ၁၈ ရက်အထိ တစ်ကြိမ် စုစုပေါင်း လေးကြိမ် ဆောင်ရွက်ခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013