DVB Logo
Home
မြန်မာသတင်း
ရှမ်းနိုင်ငံရေးပါတီ၊ လက်နက်ကိုင်အဖွဲ့နှင့် လူထုအခြေပြုအဖွဲ့များ ညီညွတ်ရေးဆွေးနွေး
DVB
·
March 3, 2016
ရှမ်းနိုင်ငံရေးပါတီ၊ လက်နက်ကိုင်အဖွဲ့နှင့် လူထုအခြေပြုအဖွဲ့များ ညီညွတ်ရေးဆွေးနွေး
1 / 2
Donate to DVB

ရှမ်းနိုင်ငံရေး၊ လက်နက်ကိုင်အဖွဲ့၊ လူထုအခြေပြုအဖွဲ့နဲ့ ပြည်နယ်တွင်းရှိ တိုင်းရင်းသား များအတွင်း စည်းလုံးညီညွတ်ရေး  ညီလာခံတရပ်ကို ရန်ကုန်မြို့မှာ မတ်လ ၃ ရက်ကနေ ၅ ရက်နေ့ထိ ၃ ရက်တာ ကျင်းပနေပါတယ်။

ရှမ်းပြည်ညီညွတ်ရေးကော်မတီ   Committee for Shan State Unity - CSSU  ကို ထိုင်း မြန်မာနယ်စပ်မှာ လွန်ခဲ့တဲ့ ၃ နှစ်က ဖွဲ့စည်းခဲ့ပြီး တတိယအကြိမ်မြောက်ညီလာခံကို ကျင်းပ နေတာလည်း ဖြစ်ပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲမှာတော့ စီအက်က်အက်စ်ယူ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးရွက်စစ်က  သူဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့တဲ့နှစ်အတွင်း ဆောင်ရွက်ခဲ့တဲ့လုပ်ငန်းတွေကို ပြန်ရှင်းပြခဲ့ပြီး  အားနည်းချက် အားသားချက်တွေ ပြန်သုံးသပ်ခဲ့တယ်လို့ ညီလာခံတက်ရောက်သူ ရှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းလိတ်က ဒီဗွီဘီကို ပြောပါတယ်။

“အရင်သက်တမ်းမှ ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့တဲ့ စ၀်ရွက်စစ်က သူတို့ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်း တွေ ပြန်ရှင်းပြတယ်။ အဓိကကတော့ အန်စီအေ တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့အကြောင်းနဲ့  ရှမ်းအဖွဲ့အစည်းတွေကြား ညီညွတ်ရေး ဆောင်ရွက်ချက်တွေ၊ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်း ညီညွတ်ဖို့၊ ရှမ်းပါတီတွေ အချင်းချင်း ညီညွတ်ဖို့၊ လူမှုအခြေပြုအဖွဲ့အစည်းတွေ အနေနဲ့လည်း ပြည်တွင်းမှာ ရှိတဲ့အဖွဲ့နဲ့ ပြည်ပမှာ ရှိနေတဲ့ အဖွဲ့တွေ ချိတ်ဆက်ဆောင်ရွက်ဖို့လည်း ပြောခဲ့တယ်။”

သတ်မှတ်ထားတဲ့ စီအက်စ်အက်စ်ယူ  ဥက္ကဋ္ဌသက်တမ်း တစ်နှစ်ပြည့်သွားပြီဖြစ်တဲ့အတွက် ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကို  စီအက်စ်အက်စ်ယူရဲ့ ဥက္ကဋ္ဌသစ် အဖြစ် ၀ိုင်းဝန်းရွေးချယ်ခဲ့ကြတယ်လို့  ဦးစိုင်းလိတ်က ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေအတွင်း ရှမ်းပါတီချင်း၊ လက်နက်ကိုင်ချင်း တဖွဲ့တည်းအဖြစ် ပေါင်းစပ်လို့ မရနိုင်သေးပေမယ့် အခုလို ညီလာခံမှာ တစုတစည်းလာရောက်တွေ့ဆုံခြင်းအားဖြင့် အမျိုးသား ချင်း စည်းလုံးညီညွတ်သင့်ပြီဆိုတဲ့ သဘောထားကိုယ်စီရရှိသွားတယ်လို့ ဆိုပါတယ်။

ဒီကနေ့ ညီလာခံကို  RCSS/SSA ရှမ်းပြည်တပ်မတော်တောင်ပိုင်း SSPP/SSA ရှမ်းပြည် တပ်မတော်မြောက်ပိုင်း ဆိုင်ကျော့ဌာနေပြည်သူ့စစ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်တွင်းပြည်ပ ရှမ်းလူငယ်အဖွဲ့၊ လူမှုအခြေပြုအဖွဲ့၊ အမျိုးသမီးအဖွဲ့က ခေါင်းဆောင်နဲ့ ကိုယ်စားလှယ်ပေါင်း ၄၀ ကျော် တက်ရောက်ခဲ့ပါတယ်။

ကျားဖြူပါတီလို့ လူသိများတဲ့  ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီကတော့ သူတို့ ဗဟို  ကော်မတီဝင်သက်တမ်း ပြီးခဲ့တဲ့ ဇန်န၀ါရီလက ကုန်ဆုံးခဲ့ပြီး အသစ်ပြန်မဖွဲ့စည်းရသေးတဲ့ အတွက် ပါတီကိုယ်စားလှယ်မလွှတ်နိုင်တဲ့အကြောင်း အကြောင်းကြာစာပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

ရှမ်းအဖွဲ့အစည်းနဲ့ ရှမ်းလူမျိုးတွေကြား စည်းလုံးညီညွတ်မှုရခဲ့ရင် ရှမ်းပြည်နယ်တွင်းရှိ တိုင်းရင်းသားလူမျိုးများနဲ့ စည်းလုံးညီညွတ်ရေးကိုလည်း ဆက်လက်ကြိုးပမ်းရမှာဖြစ်ပြီး စစ်မှန်တဲ့ ပြည်ထောင်စုဖက်ဒရယ် ဒီမိုကရက်တစ်ဆီအရောက်လှမ်းဖို့၊ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ အတူတကွ လုပ်ဆောင်ရမှာဖြစ်ကြောင်း ဦးစိုင်းလိတ်က ပြောသွားပါတယ်။

Photo credit: Ying Cherry

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013