DVB Logo
Home
မြန်မာသတင်း
တသီးပုဂ္ဂလအမတ် ဦးကျော်ဇောဦး ရခိုင်အမျိုးသားပါတီနှင့်ပူးပေါင်း
DVB
·
March 3, 2016
တသီးပုဂ္ဂလအမတ် ဦးကျော်ဇောဦး ရခိုင်အမျိုးသားပါတီနှင့်ပူးပေါင်း
Donate to DVB

ရခိုင်ပြည်နယ် စစ်တွေမဲဆန္ဒနယ် အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တသီးပုဂ္ဂလ အမတ် ဦးကျော်ဇောဦးကို  ရခိုင်အမျိုးသားပါတီကိုယ်စားလှယ်အဖြစ်  ရွေးကောက်ပွဲကော်မရှင် က ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။

ဦးကျောဇောဦးဟာ  ၂၀၁၅ နိုဝင်ဘာ ၈ ရက်နေ့ရွေးကောက်ပွဲမှာ  စစ်တွေမဲဆန္ဒနယ် အမှတ် ၂ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရတာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်မှာတော့ ရခိုင်အမျိုးသားပါတီရဲ့ ဖွဲ့ဝင်အဖြစ် လက်ခံပြီးတဲ့ အကြောင်းနဲ့ ယင်းပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် သတ်မှတ်ပေးဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တင်ပြခဲ့ပါတယ်။

ဒါကြောင့် ဦးကျော်ဇောဦးဟာ  ရခိုင်အမျိုးသားပါတီရဲ့ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် အဖြစ် ပြောင်းလဲသတ်မှတ်လိုက်ကြောင်း  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

ဦးကျော်ဇော်ဦးကို ပါတီကိုယ်စားလှယ်အဖြစ် လက်ခံရတာနဲ့ပတ်သက်ပြီး ပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က  “ကျနော်တို့က ဦးကျော်ဇောဦး ကျနော်တို့ပါ တီထဲပြန်လည်ဝင် ရောက်လာတာကို ကြိုဆိုလက်ခံပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်လည်း ဗဟိုအလုပ် အမှုဆောင်ရဲ့ ဆုံးဖြတ်ချက်ကြောင့်သာ တသီးပုဂ္ဂလအဖြစ် ပြိုင်ဖြစ်ခဲ့ကြတာပါ။ အဲဒီကာလတွေ ကလည်းပဲ စစ်တွေမဲဆန္ဒနယ် အမှတ် ၂ မှာ ပြိုင်မယ်ပုဂ္ဂိုလ်နှစ်ဦးပိုခဲ့တာပေါ့။ နှစ်ဦးလုံးကို ကျနော်တို့ ဖြောင်းဖျပြီးမှ ပါတီအနေနဲ့ မပြိုင်ဘူး တသီးပုဂ္ဂလအနေနဲ့ ပြိုင်ပေးပါ။ အနိုင်အရှုံး ပေါ်မူတည်ပြီး နှစ်ဦးလုံးကို မူလရာထူးအတိုင်း စီအီးစီနေရာမှာ ထားပေမယ်ဆိုတဲ့ သဘောတူညီမှု ရှိခဲ့ပါတယ်။ အဲဒီသဘောနဲ့ ပါတီက နှုတ်ထွက်ပါတယ်။ တသီးပုဂ္ဂလအနေနဲ့ ပြိုင်ကြပါတယ်။ ရွေးကောက်ပွဲပြီးတဲ့နောက်မှာ ပါတီကို ပြန်ပြီး လျှောက်ထားကြပါတယ်။ ရွေးကောက်ပွဲကော်မရှင်က အသိအမှတ်ပြုပြီးတဲ့နောက်မှာ ဦးကျော်ဇောဦးဟာ ကျနော်တို့ပါတီရဲ့ အမတ်အဖြစ် တရားဝင်ဖြစ်သွားပါပြီ။ ပါလီမန်ထဲမှာလည်း ကျနော်တို့ ၂၃ ဦး ရသွားပါပြီ။ အဲဒါကြောင့် ကျနော်တို့ ပါတီအတွက်လည်းကောင်းပါတယ်။ ဦးကျော်ဇောဦးရဲ့ မူလရာထူး တာဝန်ကို အပ်နှင်းပြီးလည်းဖြစ်ပါတယ်။”

ဦးကျော်ဇောဦးဟာ လက်ရှိမှာတော့ ရခိုင်အမျိုးသားပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး အဖွဲ့ဝင် အဖြစ် ပြန်လည်ရာထူးပေးအပ်ထားတယ်လို့လည်း ဒေါက်တာအေးမောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ  စစ်တွေအမှတ် ၂ မဲဆန္ဒနယ်ကနေ ဦးအောင်မြကျော်နဲ့  ဦးကျော်ဇော်ဦးတို့  တသီးပုဂ္ဂလအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဦးကျော်ဇောဦးက မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013