DVB Logo
Home
မြန်မာသတင်း
ဝေဖန်မှုတွေများနေသည့် Yangon Waterboom ခေတ္တပိတ်
DVB
·
March 3, 2016
ဝေဖန်မှုတွေများနေသည့် Yangon Waterboom ခေတ္တပိတ်
1 / 4
Donate to DVB

ဝေဖန်မှုတွေများနေတဲ့ Yangon Waterboom ကို ခေတ္တပိတ်လိုက်ပြီလို့ Yangon Waterboom တည်ဆောက်ခဲ့တဲ့ UMG ကုမ္ပဏီအုပ်စုက မတ်လ ၃ ရက်နေ့က ကြေညာ လိုက်ပါတယ်။

ဒီကြေညာချက်မှာ Yangon Waterboom ရဲ့ Water Treatment System အကောင်းဆုံး မလုပ်ဆောင်နိုင်သေးဘဲ နည်းပညာပိုင်းဆိုင်ရာနဲ့ Operation ပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေ ကြောင့် ပိတ်ရတာလို့ ဆိုပါတယ်။

Yangon Waterboom ကို တစုံတရာ ပြန်လည် ကြေညာခြင်းမရှိသေးတဲ့အချိန်ထိ ခေတ္တ ပိတ်ထားမယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့ပြီး မတ်လ ၂ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တဲ့ Yangon Waterboom မှာ ဖွင့်တဲ့နေမှာ ရေသန့်ရှင်းမှု မရှိတာတွေ ကစားနည်းအားလုံးကစားလို့ မရတာတွေအပေါ် ဝေဖန်မှုတွေများခဲ့ပါတယ်။

Yangon Waterboomကို ၂၀၁၃ ခုနှစ်က စက်တင်ဘာလက စတင်တည်ဆောက်ခဲ့ပြီး ရေကစားနည်း၂၀ကျော်ပါဝင်ပါတယ်။

မြေဧရိယာ ဧက ၁၈ ကျယ်ဝန်းတဲ့ Yangon Waterboomမှာ Outbound ဧရိယာ၊ Futsal ကစားကွင်း၊ စားသောက်ဆိုင်၊ Beauty Saloon နဲ့ အမှတ်တရပစ္စည်း အရောင်းဆိုင်တွေ လည်း ပါဝင်ပါတယ်။

ရန်ကုန်ရေကမ္ဘာကို UMG Myanmar Group Of Companies ရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ Media One ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013