DVB Logo
Home
မြန်မာသတင်း
နံပါတ်မပါ ၁၀ ဘီးကားပေါ်မှ တရားမ၀င်ကျွန်းသစ်များ ဖမ်းမိ
DVB
·
March 3, 2016
နံပါတ်မပါ ၁၀ ဘီးကားပေါ်မှ တရားမ၀င်ကျွန်းသစ်များ ဖမ်းမိ
1 / 8
Donate to DVB

အင်းတော်မြို့နယ် အင်းရွာကျေးရွာအနီးမှာ နံပါတ်မပါ ၁၀ ဘီးကားပေါ်မှာ တရားမဝင် ကျွန်းခွဲသားတွေ ဖမ်းဆီးရမိပြီး သစ်ပိုင်ရှင်ရဲ့နေအိမ်မှာပါ တရားမဝင်ကျွန်းခွဲသားတွေ ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။

မတ်လ ၂ ရက်နံနက် ၈ နာရီအချိန်က အင်းတော်မြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတွေ၊ မြို့နယ်ရဲစခန်းက တာဝန်ရှိသူတွေ၊ သတင်းအရ သွားရောက်ဖမ်းဆီးရာမှာ အင်းရွာ ကျေးရွာနေ စံဝင်းရဲ့ နေအိမ်ရှေ့ရပ်ထားတဲ့ နံပါတ်မပါ ဆယ်ဘီးယာဉ်ပေါ်ကနေ တရားမဝင် ကျွန်းခွဲသား ဆိုက်စုံ ၁၆၂ ချောင်း၊ ၂ ဒသမ ၁၂၇၂ တန် ကာလတန်ဖိုး ၆၃၈၁၆၀ ကျပ်ဖိုး ဖမ်းဆီးရမိတယ်လို့ အင်းတော်မြို့မရဲစခန်းက  သိရပါတယ်။

အဲဒီနောက် ဦးစံဝင်းနေအိမ်ကို  ဆက်လက်ဝင်ရောက်ရှာဖွေတဲ့အခါ  တရားမဝင်ကျွန်းခွဲသား ဆိုက်စုံ ၃၀၀ ချောင်း (၂ ဒသမ ၀၆၄၄) တန် ကာလတန်ဖိုး ၆၁၉၃၂၀ ကျပ်အား ထပ်မံ သိမ်းဆည်းရမိခဲ့ပါတယ်။

တရားမဝင်ကျွန်းခွဲသား သယ်ဆောင်လာသူကို ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆(၁)နဲ့အရေးယူထားပါတယ်။

သတင်း၊ ဓာတ်ပုံ = ကိုကိုလင်း (အင်းတော်)

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013