DVB Logo
Home
မြန်မာသတင်း
ပဋိပက္ခများကြောင့် မြန်မာပြည်မြောက်ပိုင်းတွင် လူ ၁ သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရ
DVB
·
March 3, 2016
ပဋိပက္ခများကြောင့် မြန်မာပြည်မြောက်ပိုင်းတွင် လူ ၁ သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရ
Donate to DVB

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ တနိုင်ငံလုံး အပစ်ရပ်လက်မှတ်ထိုးထားခဲ့ပေမယ့် ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်မှာ  ပဋိပက္ခတွေကြောင့် လူ ၁ သိန်းကျော် နေရပ်စွန့်ခွာ တိမ်းရှောင်နေရဆဲဖြစ်ပြီး ယာယီစခန်းတွေမှာ နေထိုင်နေရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်လိုက်ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ညွှန်ကြားရေးမှူး ဂျွန်ဂင်းရဲ့ ဖေဖော်ဝါရီ ၂၂ ရက်ကနေ ၂၅ ရက်ထိ ၄ ရက်ကြာ မြန်မာနိုင်ငံက ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အပြီး ထုတ်ပြန်လိုက်တာပါ။

မြန်မာနိုင်ငံမှာ ပဋိပတွေကြောင့် ပြည်သူတွေ အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးနေရတဲ့ အကြောင်းနဲ့  ကချင်ပြည်နယ်မှာ မြေမြှုပ်မိုင်း အန္တရာယ်နဲ့ ပတ်သက်ပြီး အများအပြား ဆောင်ရွက်ဖို့ လိုနေတယ်လို့ ညွှန်ကြားရေးမှူး ဂျွန်ဂင်းက မြန်မာခရီးစဉ်နဲ့ ပတ်သက်ပြီး နယူးယောက်မြို့မှာ မီဒီယာတွေကို တွေ့ဆုံပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်ရှိ မွတ်စလင်ဒုက္ခသည် စခန်းတွေမှာ နေထိုင်သူတွေဟာ လွတ်လပ်စွာ သွားလာခွင့် တားမြစ်ခံထားရဆဲဖြစ်ပြီး မိခင်တဦးဟာ ရိုဟင်ဂျာ မွတ်စလင် ဖြစ်နေတာကြောင့် မြေပုံမြို့နယ်ဆေးရုံကို သွားရောက် ဆေးကုသခွင့်မရလို့ ၁ လ မပြည့်သေးတဲ့ ကလေးငယ်တဦး အောက်ဆီဂျင်ပြတ် သေဆုံးမှု ဒီဇင်ဘာလအတွင်း ဖြစ်ပွားခဲ့တယ်လို့လည်း မစ္စတာ ဂျွန်ဂင်းက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အသိုင်းအ၀ိုင်း နှစ်ခုအကြား အကြမ်းဖက်မှုတွေကြောင့် ရခိုင်တိုင်းရင်းသား ၅၀၀၀ ခန့်နဲ့ မွတ်စလင် ၁၂၀၀၀၀ ခန့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရဆဲပဲလို့ မတ်လ ၁ ရက်နေ့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013