DVB Logo
Home
မြန်မာသတင်း
မုံရွာတွင် ကလေးငယ်များ ရေဆင်းကူးရာမှ ၂ ဦး ရေနစ်သေဆုံး
DVB
·
March 2, 2016
မုံရွာတွင် ကလေးငယ်များ ရေဆင်းကူးရာမှ ၂ ဦး ရေနစ်သေဆုံး
1 / 7
Donate to DVB

မုံရွာမြို့ ရှေးဟောင်းကန်သာယာကန်အတွင်း မတ်လ ၂ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်က ဆယ်ကျော်သက်အရွယ် ကလေးငယ် ၄ ဦး ရေဆင်းကူးရာမှ ၂ ဦး ရေနစ်သေဆုံးခဲ့ပါတယ်။

ရေနစ်သေဆုံးခဲ့တဲ့ ကလေး ၂ ဦးမှာ သလ္လာအမှတ် (၇) ရပ်ကွက်မှ ဖြစ်ပြီး အဌမတန်းဖြေဆို ထားတဲ့ ကျောင်းသား ဖိုးသင်္ကြန် ၁၅ နှစ်နဲ့ ဟိန်းဇေယျာ ၁၅ နှစ်တို့ ဖြစ်ပါတယ်။

ကလေးငယ် ၄ ဦးဟာ ကန်သာယာကန်အတွင်း ရေသွားကူးရာမှ တစ်ဦးရေနစ်နေစဉ် ဝင်ရောက်ကယ်ဆယ်ရင်း ၂ ဦး ပြိုင်တူနစ်ပြီး သေဆုံးသွားခဲ့တယ်လို့လည်း သိရပါတယ်။

ရေနစ်နေစဉ် ဘေးပတ်ဝန်းကျင်မှာ လူသူမရှိတာကြောင့် ကျန်တဲ့ ကလေး ၂ ဦးက သူတို့အိမ်တွေကို ဖုန်းဆက်အကြောင်းကြားရာကတဆင့် မိဘဆွေမျိုးတွေ၊ ကယ်ဆယ်ရေး၊ မီးသတ်တပ်ဖွဲ့နဲ့ ရေငုပ် ကျွမ်းကျင်သူတွေက ၂ နာရီကြာ ၀ိုင်းဝန်း ဆယ်ယူခဲ့ကြပါတယ်။

ကလေး ၂ ဦး ရေနစ်တဲ့နေရာဟာ ကန်အလယ်လမ်း ဖောက်လုပ်ဖို့ လမ်းမြေရရှိရေးအတွက် ဘတ်ဖိုးနဲ့ တူးယူထားတဲ့ ချိုင့်နေရာဖြစ်ကြောင်း သိရပါတယ်။
ရေနစ် သေဆုံးခဲ့တဲ့ ကလေး ၂ ဦး အလောင်းကို ဒေ၀ဂတိ လူမှုကူညီရေးအသင်း ကားနဲ့ မုံရွာဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး မြို့မရဲစခန်းက သေမှုသေခင်းဖွင့်ကာ စစ်ဆေးနေပါတယ်။
သတင်းဓာတ်ပုံ - ရန်နိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013