DVB Logo
Home
မြန်မာသတင်း
မင်းပြားတွင် သောက်သုံးရေ ခန်းခြောက်၊ ၁၇၂ ရွာ သောက်သုံးရေရှားပါးမှု ကြုံရနိုင်
DVB
·
March 2, 2016
မင်းပြားတွင် သောက်သုံးရေ ခန်းခြောက်၊ ၁၇၂ ရွာ သောက်သုံးရေရှားပါးမှု ကြုံရနိုင်
1 / 3
Donate to DVB

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ကျေးရွာအချို့ ဖေဖော်ဝါရီလမှစတင်ကာ ရေရှားပါးမှုနဲ့ စတင်ကြုံနေရပြီး ၃ လအတွင်း ကျေးရွာပေါင်း ၁၇၂ ရွာ ရေရှားပါးမှုနဲ့ ကြုံရနိုင်တယ်လို့ သိရပါတယ်။

မင်းပြားမြို့နယ် ကျေးရွာအုပ်စု ၆၂ အုပ်စုနဲ့ ရွာပေါင်း ၂၄၆ ရွာများကို ကွင်းဆင်းစစ်ဆေးမှု အရ မတ်လတွင် ကျေးရွာပေါင်း ၃၃ ရွာ၊ ဧပြီလတွင် ကျေးရွာပေါင်း ၃၆ ရွာ၊ မေလကုန်တွင် ၉၂ ရွာ စုစုပေါင်းကျေးရွာ ၁၇၂ ရွာ ရေခန်းခြောက်မှုနဲ့ ရင်ဆိုင်ကြုံရနိုင်တယ်လို့ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေဦးစီး အရာရှိ ဦးသန်းစိုးမှ ဒီဗွီဘီကိုပြောပါတယ်။

“အခုလောလောဆယ်တော့ ကျေးရွာသုံးရွာရေးရှားပါးမှုနဲ့ ကြုံနေရတယ်။ စန်းဘလေအုပ်စု ပေါ့လေ။ သေကန်ရွာရယ်၊ အမ်းသားရွာ၊ ပြီးတော့နောက်တစ်ရွာ၊ ရေရရှိရေးအတွက် ၂ ဖာလုံလောက်ဝေးတဲ့ နေရာကို ရေသွားခတ်နေကြရတယ်။ အမ်းသားရွာမှာတော့ ကန်မှာ ရေ မရှိတော့ဘူး။ အဲ့ဒီရွာ အိမ်ခြေ ၁၀၂ ဆောင်ရှိတယ်။ လူဦးရေ ၃၀၀ ကျော်ရှိ တယ်ပေါ့။ လက်တစ်လောသုံးလို့ ရအောင်ဆိုပြီး ယာယီရေတူးကန်လုပ် ထားရတယ်။ အဲ့ဒီမှာ ရေဖြည့် ထားပြီး၊ ညပိုင်းကျောက်ချဉ်နည်းနည်းထည့်ပြီး ထားခဲ့လိုက်တယ်ပေါ့။ မနက်ပိုင်း ကျရင် ကျနော်တို့ အဲ့ဒီရေတွေကိုရေသန့် ထုတ်ပေးတယ်။”

လာမယ့် နွေရာသီမှာ မင်းပြားမြို့နယ်အတွင်း ကျေးရွာပေါင်း ၁၇၂ ရွာ အတွက် မကြာခင်ရေများခမ်းခြောက် ရှားပါးလာမယ့်အရေးနဲ့ ပတ်သက်လို့ ဆောင်ရွက်ပေးရမယ့် ကုန်ကျစရိတ် ကျပ်သိန်း ၁၀၀၀ ကျော်ကို အစိုးထံ Porposal တင်ပြထားတယ်လို့ ခရိုင်မှူးက ဆက်လက်ပြောပါတယ်။

“လောလောဆယ်ကျေးရွာတချို့  ရေရရှိရေးအတွက် ကျနော်တို့ဌာနမှ သာမာန် အသုံးစရိတ် အဖြစ် ဖြေရှင်းလို့ ရတယ်ပေါ့လေ။ ရေရှားလာမယ်ကျေးရွာ ၁၇၂ ရွာအတွက် Porposal တင်ပြထားပါတယ်။ အခုမကျသေးဘူး။ ကျေးရွာတချို့ရေ အခက်အခဲဖြစ်လာခဲ့ရင် ကျနော်တို့ ကျေးလက်ဒေသမှ ရွာတွေမှာ ရေရရှိရေးကော်မတီတွေ ဖွဲ့ထားတယ်။ ရေအခက်အခဲ ဖြစ်လာရင်တော့ ကျေးလက်ဦးစီးဌာနက ဖုန်းနံပါတ်တွေအားလုံးကို ပေးထားတယ်။ ဖုန်းဆက်ပြီး ရေရှားနေတဲ့နေရာတွေ အကူညီတောင်းခံနိုင်ပါတယ်’’လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်တစ်ဝှမ်း ရေရှားပါးမှုကိုကာကွယ်ဖို့အတွက် မြန်မာငွေ ၃ ဘီလျံတင်ပြ တောင်းခံထားပြီး လက်ရှိ မင်းပြားမြို့နယ်ကျေးရွာ ၃ ရွာနှင့် ဘူးသီးတောင်မြို့နယ် ကျေးရွာတွေမှာ ရေရှားပါးမှု ကာကွယ်ဖို့ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရပါတယ်။

သတင်း - ဇော်ခ

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013