DVB Logo
Home
မြန်မာသတင်း
မိုးကြိုးပစ်ခြင်းနှင့် လေပြင်းအန္တရာယ် သတိထားဖို့လိုဟု မိုးလေ၀သပညာရှင် သတိပေး
DVB
·
March 2, 2016
မိုးကြိုးပစ်ခြင်းနှင့် လေပြင်းအန္တရာယ် သတိထားဖို့လိုဟု မိုးလေ၀သပညာရှင် သတိပေး
Donate to DVB

မတ်လ ၂ ရက် တောင်သူလယ်သမားနေ့မှာ မိုးကြိုးပစ်ခြင်းနဲ့ လေပြင်းအန္တရာယ်တွေကို သတိထားဖို့လိုတယ်လို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က ပြောကြားလိုက်ပါတယ်။

ဒီနေ့မနက်ပိုင်း ၀၆း၅၅ နာရီအချိန် Himawarii မိုးလေ၀သဂြိုဟ်တုမှ တိုင်းတာပေးချက်အရ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတလျှောက်မှာ မိုးတိမ်တောင်တွေ ဖြစ်ပေါ်နေသလို မိုးတိမ်တောင်တွေဟာ အရှေ့-အနောက် တန်းစီရှိနေပြီး ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေထဲမှာ တည်ရှိနေပါတယ်။

တိမ်ထိပ်အပူချိန် -၄၀°C ရဲ့အောက်မှာ ရှိနေတဲ့အတွက် အားအသင့်အတင့်ရှိနေတဲ့  မိုးတိမ်တောင်တွေ ဖြစ်နေတာကို တွေ့နေရပြီး နေ့ခင်းပိုင်းမှာ အပူချိန်မြင့်လာတာနဲ့အမျှ သူတို့ဟာ အားပိုကောင်းလာပြီး ညနေပိုင်းမှာ အားအကောင်းဆုံး ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် နေရာကွက်မိုးရွာခြင်း၊ မိုးခြိမ်းခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသက်လေပြင်း တိုက်ခတ်ခြင်းတွေ ဖြစ်နိုင်တဲ့အတွက် ဒေသခံတွေ သတိထားသွားလာဖို့ လိုပါတယ်။

အထူးသဖြင့် အဆိုပါဒေသသို့ ပျံသန်းကြမယ့် လေယာဉ်းခရီးစဉ်များအတွက် လေထုမငြိမ်သက်မှုတွေ ကြုံတွေ့နိုင်တဲ့အတွက် ထိုင်ခုံခါးပတ် ပတ်ထားဖို့ မမေ့သင့်ဘူးလို့လည်း သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013