DVB Logo
Home
မြန်မာသတင်း
လေပြင်းများတိုက်ခတ်နိုင်ဟု မိုးဇလသတိပေး
DVB
·
March 1, 2016
လေပြင်းများတိုက်ခတ်နိုင်ဟု မိုးဇလသတိပေး
Donate to DVB

နွေကာလမှာ နေ့အပူချိန်တွေ မြင့်တက်လာရာကနေ  မိုးတိမ်တောင်တွေ ဖြစ်ပေါ်ပြီး လေပြင်းတွေ တိုက်ခတ်နိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒဌာနက ဒီကနေ့ မတ်လ ၁ ရက်နေ့မှာ သတိပေးထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံအရပ်ရပ်မှာ အနောက်တောင်မုတ်သုံရာသီမကျမီ နွေကာလအတွင်း နေ့အပူချိန် မြင့်တက်လာရာမှ မွန်းလွဲ/ညနေပိုင်းတွေမှာ မိုးတိမ်တောင်တွေ ဖြစ်ပေါ်ပြီး ရွေ့လျားရာ တလျှောက်လေပြင်းတွေတိုက်ခတ်တာ မိုးကြိုးပစ် လျှပ်စီးလက်၊ မိုးသီးကြွေတာနဲ့ နေရာ ကွက်ကျား မိုးထစ်ချုန်းရွာတာတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

လေပြင်းတိုက်ခတ်ချိန်  မြေပြင်/ရေပြင်လေဟာ  တစ်နာရီလျှင် ၃၅ မိုင်ကနေ မိုင် ၄၀ အထိ တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အများပြည်သူတွေအနေနဲ့  ဒီကနေ့ စတင်တဲ့ နွေကာလမှာ ဖြစ်လာနိုင်တဲ့ မိုးလေဝသ ဖြစ်စဉ်တွေကို အထူးဂရုပြုနေထိုင်သွားကြဖို့ မိုးဇလဌာနက  သတိပေး နိုးဆော်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013