DVB Logo
Home
မေးမြန်းခန်း
ထိုင်း​အစိုး​ရအဖွဲ့​သစ်နဲ့​ မြန်မာ့ဆက်ဆံ​ရေး​ ဘယ်လိုရှိလာနိုင်မလဲ
DVB
·
August 5, 2011
ထိုင်း​အစိုး​ရအဖွဲ့​သစ်နဲ့​ မြန်မာ့ဆက်ဆံ​ရေး​ ဘယ်လိုရှိလာနိုင်မလဲ
Donate to DVB

ထိုင်း​ပါလီမန်အစည်း​အ​ဝေး​က​နေ ​ဖွေထိုင်း​ပါတီက ယဉ်လတ် ရှင်နာဝပ်ထရာကို ထိုင်း​နိုင်ငံရဲ့​ ပထမဆုံး​ အမျိုး​သမီး​ဝန်ကြီး​ချုပ်အဖြစ် ​ရွေး​ချယ်တင်​မြှောက်လိုက်ပါတယ်။

[caption id="attachment_13773" align="alignleft" width="310" caption="စာ​ရေးဆရာ စိုးနေလင်း​ "][/caption]

ယဉ်လတ် ဦး​ဆောင်တဲ့​ ထိုင်း​အစိုး​ရအဖွဲ့​သစ်အ​နေနဲ့​ မြန်မာပြည်နဲ့​ဆက်ဆံ​ရေး​ဘယ်လိုရှိလာနိုင်မလဲ၊​ ထူး​ခြား​တဲ့​ဆက်ဆံ​ရေး​သစ်​တွေ ရှိလာနိုင်မလား​၊​ ထိုင်း​နိုင်ငံရဲ့​ ပထမဆုံး​ အမျိုး​သမီး​ဝန်ကြီး​ချုပ်က မြန်မာ့​အ​ရေး​ ပို​ဆောင်ရွက်လာဖို့​ရှိမလား​ဆိုတာ ထိုင်း​နိုင်ငံ၊​ နိုင်ငံ​ရေး​အ​ခြေအ​နေ သတင်း​နဲ့​သတင်း​ဆောင်း​ပါး​တွေကို မျက်ခြည်မပြတ် ဖတ်ရှု​ရေး​သား​နေတဲ့​ စာ​ရေး​ဆရာ စိုး​နေလင်း​ကို ​မေး​မြန်း​ထား​ပါတယ်။

ဒီ​နေ့​ ထိုင်း​နိုင်ငံရဲ့​ ၂၈ ​မြောက်ဝန်ကြီး​ချုပ်​ပေါ့​နော်။ ​ဖွေထိုင်း​ပါတီက ယဉ်လတ်။ သူ့​ရဲ့​အစ်ကိုဖြစ်တဲ့​ သက်ဆင် ဝန်ကြီး​ချုပ်ဘဝတုန်း​က​တော့​ မြန်မာနိုင်ငံနဲ့​ ဆက်ဆံ​ရေး​က အထူး​ကောင်း​မွန်ခဲ့​တာ ​တွေ့​ရပါတယ်။ အခု ယဉ်လတ်ဝန်ကြီး​ချုပ်ဖြစ်လာပြီး​တော့​ သူ့​အစိုး​ရအဖွဲ့​ တက်လာပြီး​နောက်ပိုင်း​မှာ မြန်မာနဲ့​ ပတ်သက်ပြီး​တော့​ နိုင်ငံ​ရေး​ပိုင်း​မှာ ဘယ်လို​ပြောင်း​လဲမှု​တွေ ရှိနိုင်လဲ။ ဒါမှမဟုတ် ဆက်ဆံ​ရေး​ ဆက်​ကောင်း​သွား​နိုင်လား​ အဲဒါ အရင်ဆုံး​ သုံး​သပ်​ပေး​ပါခင်ဗျ။

“ထိုင်း​ဟာ ဗမာနိုင်ငံနဲ့​ စီး​ပွား​ရေး​အရ မလွှဲမ​ရှောင်သာ ဆက်ဆံရတဲ့​ နိုင်ငံ ဖြစ်​နေတယ်။ သူ့​အ​နေနဲ့​ အဓိက ရယူ​နေရတဲ့​ လျှပ်စစ်စွမ်း​အား​ ကိစ္စကလည်း​ ဗမာပြည်က သဘာဝဓာတ်​ငွေ့​ကို အဓိက မှီရတာဖြစ်​တော့​ သူက ဆက်ဆံ​ရေး​ပြေလည်မှ ဖြစ်မယ်။ ပြီး​တော့​ သူတို့​ဆီမှာလည်း​ ဗမာအစိုး​ရနဲ့​ စီး​ပွား​ရေး​ ဆက်ဆံမှုကို ပိုပြီး​တော့​ တိုး​ချဲ့​ဖို့​ ​ရွေး​ကောက်ပွဲမတိုင်ခင်ကတည်း​က လုပ်​နေတဲ့​ ​ခြေလှမ်း​တွေပါ။ ဥပမာ မဲ​ဆောက်ဆိုရင် သူတို့​ အထူး​စီး​ပွား​ရေဇုန် လုပ်ပြီး​တော့​ မြန်မာဘက်ခြမ်း​နဲ့​ ကုန်သွယ်မှု​တွေ တိုး​တက်ဖို့​ တိုး​ချဲ့​လုပ်​နေတယ်။ တပြိုင်နက်တည်း​မှာ ဇင်း​မယ် တာချီလိတ်ဘက်မှာလည်း​ သူတို့​ ကူး​သန်း​ရောင်း​ဝယ်မှု​တွေ တိုး​ချဲ့​ပြီး​တော့​ လုပ်ကိုင်​နေတယ်။ ဒီဘက်က ပိတ်ထား​တဲ့​အချိန် ဟိုဘက်ကို အများ​ကြီး​ ဟထား​ပြီး​တော့​ လုပ်ကိုင်​ဆောင်ရွက်​နေတာ သွား​တွေ့​ရတယ်။ တဖက်မှာကျ​တော့​လည်း​ ထိုင်း​က ဒီမိုကရက်တစ်နိုင်ငံတခု ဖြစ်သလို စီး​ပွား​ရေး​သမား​တွေ၊​ ​ကော်ပို​ရေး​ရှင်း​ကြီး​တွေ ကုန်သည်လုပ်ငန်း​ရှင်ကြီး​တွေက အတိုင်း​အတာ တခုအထိသူတို့​အ​ပေါ်မှာ ဩဇာလွှမ်း​မိုး​မှု ရှိတယ်။ နယ်စပ်ဂိတ်​တွေ ပိတ်ထား​တဲ့​ ကိစ္စနဲ့​ ပတ်သက်ပြီး​ သူတို့​က ပြန်ဖွင့်​ရေး​ကို အစိုး​ရကို ဖိအား​ပေး​တယ်။ တဖက်မှာကလည်း​ ထိုင်း​ community က သူ့​ကို ဖိအား​ပေး​တယ်။ ဖိအား​ပေး​တဲ့​အခါကျ​တော့​ အစိုး​ရသစ်က မလွှဲမ​ရှောင်သာ မြန်မာအစိုး​ရနဲ့​ ​ပြေလည်​အောင် အတိုင်း​အတာ တခုအထိ​တော့​ လိုက်​လျှောခွင့်​ပြုရမှာပဲ။”

အခု ယဉ်လတ်အစိုး​ရနဲ့​ အရင် အဖီဆစ်​ခေါင်း​ဆောင်တဲ့​ ဒီမိုကရက်တစ်နဲ့​ မြန်မာနဲ့​ဆက်ဆံတဲ့​အပိုင်း​မှာ အဓိက ကွာခြား​ချက် ကြီး​ကြီး​မား​မား​ ရှိနိုင်လား​။

“ကျ​နော် မြင်တာက​တော့​ ကွာခြား​ချက် ကြီး​ကြီး​မား​မား​ မရှိနိုင်​လောက်ဘူး​။ အများ​အား​ဖြင့်​က​တော့​ နိုင်ငံခြား​ရေး​မူဝါဒဆိုတာကို ​ပြောင်း​လဲသွား​တဲ့​ ဝန်ကြီး​ချုပ်က ချက်ချင်း​ပြောင်း​လဲလို့​ မရနိုင်ဘူး​လေ။ ချထား​တဲ့​အတိုင်း​ပဲ ဆက်လုပ်ကြတာ။ ကျ​နော်တို့​ ဒီမိုကရက်​တွေ အဖီဆစ်အာဏာရတဲ့​အချိန်မှာ ​မျှော်လင့်​ခဲ့​တယ်။ ဒီမိုကရက်တစ်ဖြစ်တဲ့​အခါကျ​တော့​ အဖီဆစ်က ပညာရှင်ဆိုပြီး​တော့​ တက်လာတာ ဖြစ်တယ်။ ရှင်း​ရှင်း​ပြောရရင် သူ့​မိသား​စုက ပညာရှင်မိသား​စု စီး​ပွား​ရေး​သမား​တွေ မဟုတ်ကြဘူး​။ ​နောက် ဒီမိုကရက်​တွေ ဖြစ်​နေတယ်။ ​နောက် သူ့​ကို အကြံ​ပေး​ဖြစ်တဲ့​ မစ္စတာချူလီပိုင် ကိုယ်တိုင်က သူ ဝန်ကြီး​ချုပ်ကာလမှာတုန်း​က မြန်မာအစိုး​ရနဲ့​ ဆက်ဆံမှုကို ​တော်​တော်ကြီး​ ထိန်း​သိမ်း​ထား​ခဲ့​တာ ​တွေ့​ရတယ်။ ဘယ်လို​ခေါ်မတုန်း​ မြန်မာအစိုး​ရ စစ်အစိုး​ရကို သ​ဘောမ​တွေ့​တဲ့​ လက္ခဏာရှိတယ်။ ပြီး​တော့​ သူ့​ကိုလည်း​ ဒီအတိုင်း​ပဲ ကျ​နော်တို့​ ​မျှော်လင့်​ခဲ့​ပါတယ်။ တကယ်တမ်း​ကျ​တော့​ အဖီဆစ်က မြန်မာ အစိုး​ရကို လုံ​လောက်တဲ့​ ဖိအား​ပေး​မှုမျိုး​တွေ သို့​မဟုတ် ဒီဘက်က ဒီမိုက​ရေစီ အင်အား​စု​တွေဘက်ကို အတိုင်း​အတာတခုအထိ အခွင့်​အ​ရေး​ပေး​တဲ့​ သ​ဘောမျိုး​တွေ သိပ်ရှိမလာခဲ့​ဘူး​။ ​နောက် အာဆီယံလို ​နေရာမျိုး​မှာ မြန်မာအစိုး​ရကို ​ဝေဖန်တဲ့​ သ​ဘောမှာ​တောင်မှ သူ့​အ​နေနဲ့​ အင်မတန် အား​ပျော့​တယ်လို့​ ကျ​နော်က​တော့​ မြင်တယ်။ အား​ပျော့​တယ်ဆိုတာက စကား​လုံး​တောင်မှ သူ ​ရွေး​ပြီး​တော့​ သုံး​နေရတာ သွား​တွေ့​ရတယ်။ ဆို​တော့​ အဖီဆစ်က ထင်သ​လောက် ကျ​နော်တို့​ မြန်မာပြည်အတွက် နိုင်ငံ​ရေး​အရ ​ပြောမယ်ဆိုရင်​တော့​ မလုပ်နိုင်ပါဘူး​။ တဖက်က စီး​ပွား​ရေး​က လုပ်တာကလည်း​ စီး​ပွား​ရေး​ လုပ်သလို လုပ်တာမဟုတ်ဘူး​။ ယဉ်လတ် တက်လာတဲ့​အခါမှာ အဖီဆစ်ထက် တိုး​တက်ချင်တယ်ဆိုရင် ကျ​နော်ထင်တယ် သိပ်ထူး​ထူး​ခြား​ခြား​တော့​ သိပ် ကွာဟနိုင်မယ့်​ အလား​အလာ မရှိပါဘူး​။”

နောက်တပိုင်း​က အမျိုး​သမီး​ဝန်ကြီး​ချုပ် ဖြစ်လာ​တော့​ ​လော​လောဆယ် ​ဒေါ်​အောင်ဆန်း​စုကြည်ကလည်း​ ပြည်တွင်း​မှာ သူတတ်နိုင်တဲ့​ အတိုင်း​အတာထဲက လှုပ်ရှား​နေ​တော့​ ယဉ်လတ်ကများ​ မြန်မာ့​ ဒီမိုက​ရေစီအ​ရေး​ ပိုပြီး​ စိတ်ဝင်တစား​ ပါဝင်ပူး​ပေါင်း​ပြီး​တော့​ ​ဆောင်ရွက်မယ့်​ အလား​အလာမျိုး​ရော မြင်ရလား​။

“အဲဒါက​တော့​ ဖြစ်​ကောင်း​ဖြစ်နိုင်ပါတယ်။ ​ရွေး​ကောက်ပွဲအကြိုကာလမှာလည်း​ ​ဖွေထိုင်း​ပါတီကို နိုင်ငံ​ရေး​အကဲခတ်​တွေက ​ပြောကြား​တာ​ရော၊​ တချို့​ပြည်သူလူထု ဆီက​နေ တဆင့်​ ကျ​နော်တို့​ စစ်တမ်း​ကောက်ယူမှု အရ​ရော မြန်မာအစိုး​ရနဲ့​ ဆက်ဆံတဲ့​ ဆက်ဆံ​ရေး​ကို သူ ​ပြောင်း​လဲသွား​အောင် သို့​မဟုတ် အတိုင်း​အတာ တခုအထိ တိုး​တက်လာ​အောင် လုပ်နိုင်မယ်လို့​ သူ ​ပြောထား​တယ်​လေ။ ​နောက်တခုက အထူး​သဖြင့်​ သူကိုယ်တိုင်ကလည်း​ ​ဖွေထိုင်း​ကလည်း​ နှစ်​ပေါင်း​များ​စွာ အတိုက်အခံအဖြစ်က​နေ လာခဲ့​တဲ့​ ပါတီပဲ။ ဆို​တော့​ အဲဒီကာလအတွင်း​မှာ သူက တဖက်က အုပ်စိုး​သူအစိုး​ရနဲ့​ ဗမာနဲ့​ ဆက်ဆံ​ရေး​ တည်ငြိမ်​နေတယ်တဖက်မှာလည်း​ မလွှဲမ​ရှောင်သာ သူတို့​ လက်ခံထား​ရတဲ့​ မြန်မာအတိုက်အခံ အင်အား​စု​တွေ ဒီမှာရှိ​နေတယ်၊​ ဘယ်လို​နေကြတယ်၊​ဘယ်လိုထိုင်ကြတယ် သူတို့​ ဒါ​တွေ အကုန်လုံး​ သိ​နေတယ်။ ကျ​နော် ဆိုလိုချင်တာက ယဉ်လတ်က နိုင်ငံ​ရေး​အရ အ​တွေ့​အကြုံနည်း​သေး​ပေမယ့်​ သူ့​ပါတီအရ ​ပြောမယ်ဆိုရင်​တော့​ အ​တော်ရှည်လျား​တဲ့​ အတိုက်အခံ ဖြစ်ခဲ့​တာ။ သူ နား​လည်နိုင်မယ်လို့​ ယူဆတယ်။ ​နောက်တခုက သူကလည်း​ ပထမဆုံး​ အမျိုး​သမီး​ ဝန်ကြီး​ချုပ် ဖြစ်လာတယ်။သူတို့​ချင်း​ကို ကျ​နော် ထင်တယ် နား​လည်မှု ရှိလိမ့်​မယ် ထင်တယ်​လေ။ ​ဒေါ်​အောင်ဆန်း​စုကြည်ကလည်း​ သူ့​ကို ​ရွေး​ကောက်ပွဲအနိုင်ရပြီး​တာနဲ့​ လိုချင်တဲ့​ အချက်​တွေ ​ပြောခဲ့​တယ်။ မြန်မာဒုက္ခသည်​တွေ အ​ပေါ်မှာ ကြင်ကြင်နာနာနဲ့​ ဆက်ဆံဖို့​ အ​ရေး​ကြီး​ပါတယ် နား​လည်ဖို့​ အ​ရေး​ကြီး​ပါတယ်။ သူတို့​တ​တွေက မလွှဲမ​ရှောင်သာလို့​ ​ရောက်​နေတာလို့​ ​ပြောထား​တယ်။ ဒါကိုလည်း​ သူတို့​ သိထား​တယ်။ ဒီ​တော့​ ကျ​နော် ထင်ပါတယ် ယဉ်လတ် အစိုး​ရအဖွဲ့​အသစ်ဟာ သူ့​ ဘယ်လို​ခေါ်မလဲ လုပ်ချင်တိုင်း​တော့​ လုပ်လို့​မရတာ ​သေချာတယ်။ ပြီး​တော့​ သူ့​အ​နေနဲ့​ တဖက်မှာ သင်ခန်း​စာ​တွေ ရှိခဲ့​တယ်။ တဖက်မှာလည်း​ အတိုက်အခံ​တွေက ရှိတယ်။ ​နောက် ​ရွေး​ချယ်တင်​မြှောက်ခံရ​ပေမယ့်​လို့​ အတိုင်း​အတာ တခုအထိ ဆန့်​သွား​နိုင်​အောင် သို့​မဟုတ် ပြဿနာရှာနိုင်တဲ့​ အင်း​အား​စုကြီး​ကလည်း​ ရှိတယ်။ ဒါ ကလည်း​ သူတို့​ကို ​စောင့်​ကြည့်​နေတာ။ သူ့​အ​နေနဲ့​ ရှင်း​ရှင်း​ပြောရရင်​တော့​ သိပ်ပြီး​တော့​ သူ ဖြုတ်ချင်တိုင်း​ တဦး​တည်း​အ​နေနဲ့​ လုပ်လို့​တော့​ မရနိုင်ဘူး​။”

ဆိုလိုတာက ယဉ်လတ်က ကျ​နော်တို့​ နိုင်ငံအ​ရေး​ထက် သူ့​ပြည်တွင်း​မှာကို သူ့​နိုင်ငံ​ရေး​ပြဿနာကို သူအရင်ရှင်း​ရမယ့်​ သ​ဘော​တွေ့​နေရတယ်လို့​ ဆိုလိုတာလား​။

“ဟုတ်ပါတယ်။ အခု​လော​လောဆယ် သူက အဲဒီဟာ​တွေကို ကိုင်တွယ်မယ့်​ အချိန်မဟုတ်​သေး​ဘူး​လေ။ ​လော​လောဆယ် ​ဖြေရှင်း​ရမယ့်​ ပြဿနာ​တွေက သူ့​ နိုင်ငံ​ရေး​ အတွင်း​ပဋိပက္ခ​တွေ ​ဖြေရှင်း​ရမယ်။ ကျ​နော်တို့​ဆီမှာ​တော့​ အမျိုး​သား​ ပြန်လည်သင့်​မြတ်​ရေး​ပေါ့​ဗျာ။ သူ့​နိုင်ငံအတွင်း​မှာ နိုင်ငံ​ရေး​ပြန်လည် သင့်​မြတ်​ရေး​တွေ သူတို့​ လုပ်ဖို့​ လိုအပ်​နေတယ်။ ​နောက်တခုက ​တွေ့​နေတဲ့​ ပြဿနာက သူတို့​နဲ့​ က​မ္ဘောဒီး​ယား​ နယ်စပ်မှာ ဖြစ်​နေတဲ့​ ဘုရား​ကျောင်း​ ပြဿနာ ဒါကိုလည်း​ သူတို့​ ပြဿနာတက်​နေတယ်။ ​တောင်ပိုင်း​မှာ ရှိ​နေတဲ့​ ခွဲထွက်​ရေး​ ကိစ္စ​တွေ အရင်ဆုံး​ ဒါ ဦး​စား​ပေး​ စဉ်း​စား​ရမယ့်​ ကိစ္စ။ ရှင်း​ရှင်း​ပြောရရင်​တော့​ ကျ​နော်တို့​ဘက်ကို စဉ်း​စား​ဖို့​က ​နောက်ပိုင်း​မှာ စဉ်း​စား​လာမယ်​ပေါ့​။”

 

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013