DVB Logo
Home
မြန်မာသတင်း
အယ်လ်နီညိုအတွက် ပြင်ဆင်ဖို့ မန္တလေးတိုင်းလွှတ်တော်တွင်ဆွေးနွေး
DVB
·
March 1, 2016
အယ်လ်နီညိုအတွက် ပြင်ဆင်ဖို့ မန္တလေးတိုင်းလွှတ်တော်တွင်ဆွေးနွေး
Donate to DVB

ဒီကနေ့စတင်ကျရောက်တဲ့ နွေရာသီမှာ အယ်လ်နီညိုကြောင့် သောက်သုံးရေရှားပါးမှုနဲ့ အပူလွန်ကဲမှုတွေကို ရင်ဆိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေနဲ့ပတ်သက်ပြီး မန္တလေး တိုင်းဒေသကြီး လွှတ်တော်မှာ မနေ့က စတင်ဆွေးနွေးကြပါတယ်။

သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေ အပူလွန်ကဲမှုမဖြစ်စေရေးနဲ့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်မှုတွေကို နှိုးဆော်အသိပညာပေးမှုတွေ ဆောင်ရွက်ရေးကိုလည်း  ဆွေးနွေးခဲ့ ပါတယ်။

တံတားဦး မဲဆန္ဒနယ် အမှတ် ၂ ကိုယ်စားလှယ် ဦးဝဏ္ဏအောင်က “ခုဒီနေ့ လွှတ်တော်မှာ ကျနော်တို့လွှတ်တော် ဥက္ကဋ္ဌကြီးပြောသွားတဲ့ အယ်နီညို effect (သက်ရောက်မှု)တွေနဲ့ ပတ်သက်ပြီးတော့လည်း ကျနော်တို့ အခြားဒေသဆိုင်ရာ လိုအပ်ချက်တွေအပြင် အယ်နီညို ရာသီဥတု ဆိုတာဟာ ဒါအင်မတန်မှလည်း ကျနော်တို့ သတိထားရမယ့် အနေအထားရှိပါတယ်။ ဘာလို့လဲဆိုရင် နွေရာသီ ရေပြတ်လတ်မှုတွေ၊ heat stoke ခေါ်တဲ့ အပူနဲ့ပတ်သတ်တဲ့ ဒဏ်တွေပေါ့။ သက်ကြီးရွယ်အိုနဲ့ ကလေးတွေကို သတိပေးဈေင်တဲ့အနေနဲ့ ရွာတွေကစ အဓိကထားပြီး ဦးဆောင်သွားဖို့ရာတွေ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားကြတာပေါ့။)

တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက သောက်ရေလှောင်ကြဖို့နဲ့ လိုအပ်တဲ့ နေရာတွေဆီ ရေပို့ပေးဖို့ကိစ္စဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

သူက “လတ်တလောလွှတ်တော်အနေနဲ့ ဘာတွေ လုပ်သင့်လဲ။ အဓိကကတော့ ရေပါပဲ။ ရေရှားပါးမှုဘယ်လောက်ရှိလဲ။ ဒီရေကို သိုလှောင်ဖို့ ဘယ်လိုကြိုတင်ပြီးတော့ သိုလှောင်ကြမလဲ။ ဒီလိုကန်တွေ ဘာတွေတော့ မရှိဘူး၊ ကန်တူးဖို့လည်း မဖြစ်နိင်ဘူး။  အဲ့တော့ မိုးကာတွေ ဘာတွေနဲ့ ခံပြီးတော့ ရေကိုလှောင်ပြီးတော့။ နောက်ခါ ရေခဲရအောင် ရှာဖို့။ အဲ့တော့ ပရဟိတမှာ ကားတွေရှိတယ်။ ရေသယ်ဖို့ အခက်ခဲရှိတယ်။ အဲ့ကားတွေဘာတွေနဲ့ အကူညီတောင်းပြီး သယ်ဖို့။ လိုအပ်တာကတော့ အရေးပေါ် ဘယ်လိုလုပ်ရမလဲဆိုတာပေါ့။

ခုနှစ်နွေရာသီဟာ အယ်လ်နီညိုအပူဒဏ်ကို ဖြစ်ပေါ်မယ်လို့ မိုးလေဝသပညာရှင်တွေက သတိပေးလှုံဆော်မှုတွေရှိနေပြီး ဒီလ ဖေဖော်ဝါရီလကုန့်ပိုင်းမှာတင် မန္တလေးမြို့ အနီးက ရွာတချို့မှာ သောက်သုံးရေ ရှားပါးမှုဒဏ်ကို စတင် ခံစားနေရပြီ ဖြစ်ပါတယ်။

အခုနှစ်သင်္ကြန်အတွင်းမှာ ဖြစ်နိုင်ရင် ရေသုံးစွဲမှုကို လျှော့စေချင်တယ်လို့ သူက ပြောပါတယ်။

သူက  “ခုသူတို့က လျှောက်လွှာတွေ ခေါ်ထားပြီ။ ငွေတွေဘာတွေ သွင်းပြီးနေလို့။ အဲ့တော့ ငွေတွေဘာတွေ သွင်းပြီး ဘာညာဖြစ်နေလို့ ဒီအစီစဉ်ကိုဖျက်မရတောင်မှ ကျနော်တို့က ဘယ်လိုဖြစ်ချင်တုန်းဆိုတော့ ကျုံးကို ကျောမပေးနဲ့တော့၊  ကျုံးကို မျက်နှာမူလိုက်၊ ဒါက ကျုံးအလှ လည်း မပျက်စီးတော့ဘူးပေါ့။ ကျုံးထဲမှာလည်း အညစ်အကြေးတွေ ဘာတွေ မရောက်တော့ ဘူးပေါ့။ အဲ့တော့ ဖြစ်နိင်ရင်တော့ ဟိုးအရင်တုန်းကလို မဏ္ဍာပ်တွေက မြို့ထဲမှာပဲ တမြို့နယ်ကို ၂ ခု ၃ ခုရှိရင် ရှိမယ်၊  အဲ့တာမျိုးလေးတွေ ဖြစ်အောင်ကြိုးစားချင်တယ်။ ဒါကျုံးပတ်လည် သင်္ကြန် မဟုတ်တော့ဘူးပေါ့။ အဲ့လိုလေး ရမရတော့ မသိသေးဘူးပေါ့၊ ဒါပေသိ အခုတော့ တော်တော်များများတော့ လက်ခံတယ်လို့ အတော်သိနေရတာပေါ့။”

ဒီနှစ် အယ်လ်နီညိုရာသီဥတုဟာ မြန်မာနိုင်ငံအတွက် အပြင်းထန်ဆုံး ပူပြင်းမယ့်ရာသီဥတုအဖြစ် တွက်ချက်ထားပြီ အစိုးရက အများပြည်သူကို နိုင်ငံပိုင်မီဒီယာတွေကနေ ကျန်းမာရေး ပညာပေး ဆော်သြမှုတွေနဲ့ သောက်သုံးရေပြတ်လပ်ရင် အကြောင်းကြားရမယ့် အဆက်အသွယ် တွေကို ထုတ်ပြန်ထားပါတယ်။

အယ်လ်နီညိုနဲ့ ပက်သက်လို့ ပြည်သူ့လွှတ်တော်မှာလည်း ကြိုတင်ပြင်ဆင် စီမံဆောင်ရွက်နိုင်ဖို့ အရေးကြီး အဆိုတင်သွင်း အတည်ပြုထားပါတယ်။ အယ်လ်နီညိုဖြစ်စဉ်ဟာ မြန်မာပြည်မှာ ဇွန်လ နောက်ပိုင်းကျမှပဲ ပုံမှန်ပြန်ဖြစ်မယ်လို့ မိုးလေ၀သဌာနက ခန့်မှန်းထားပါတယ်။

သတင်း -ကျော်ဇေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013