DVB Logo
Home
နိုင်ငံရေး
မန္တလေးအာဇာနည် ၁၇ ဦးကို ချီတက်အလေးပြု
DVB
·
March 1, 2016
မန္တလေးအာဇာနည် ၁၇ ဦးကို ချီတက်အလေးပြု
1 / 19
Donate to DVB

၁၃၀၀ ပြည့်အရေးတော်ပုံအတွင်း ကျဆုံးခဲ့တဲ့ မန္တလေးအာဇာနည် ၁၇ ဦးကို ဂုဏ်ပြုသော အားဖြင့် ဒေသခံ ရဟန်းရှင်လူ ပြည်သူတွေက မန္တလေးမြို့မှာ ဒီမနက် ချီတက် အလေး ပြုကြပါတယ်။

ကျဆုံးခြင်း ၇၇ နှစ်မြောက် အထိမ်းအမှတ်အဖြစ် သံဃာတော်တွေ၊ မြို့မိမြို့ဖတွေ၊ အဖွဲ့အစည်းတွေ၊ ပါတီတွေနဲ့ ကျောင်းသူကျောင်းသားတွေဟာ အာဇာနည်တွေရဲ့ ဓာတ်ပုံတွေ ကိုင်ဆောင်ပြီး တမ္ပ၀တီရပ်ရှိ ဗိမာန်အထိ ချီတက်ကြပြီး ပန်းခွေချအလေးပြုကြပါတယ်။

ကျဆုံးခဲ့တဲ့ အာဇာနည်တွေအတွက် ဗိမာန်မှာ ကုသိုလ်ကောင်းမှု ဆောင်ရွက်ကြပြီး စာရေး ဆရာတွေက ဟောပြောကြပါ တယ်။

၁၉၃၉ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က အိမ်တော်ရာ ဘုရား ၁၄ ခန်းဇရပ်ကနေ စတင်ထွက်ခဲ့ရာ ၂၆ ဘီလမ်းနှင့် လမ်း ၈၀၊ ၈၁ လမ်းမှာ အင်္ဂလိပ်စစ်ဘာရီတပ်ဖွဲ့က သေနတ်တွေနဲ့ ပစ်ခတ်မှုကြောင့် မန္တလေးမြို့မှာ သံဃာတော် ၇ ပါးနဲ့ လူပုဂ္ဂိုလ် ၁၀ ဦး သွေးမြေကျခဲ့ရပါတယ်။
၁၃၀၀ ပြည့်အရေးတော်ပုံကြီးဟာ နယ်ချဲ့အာဏာရှင် ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးအတွက် ချောက်၊ ရေနံချောင်း ရေနံချပ်တို့မှစတင်ခဲ့တဲ့ အမျိုးသား လှုပ်ရှားမှုအရေးတော်ပုံကြီး ဖြစ်ပါတယ်။
ဓာတ်ပုံ - ဘကြီးအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013