DVB Logo
Home
မြန်မာသတင်း
ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေးကော်မရှင် ဖွဲ့စည်းရန် လွှတ်တော်တွင် အဆိုပြု
DVB
·
March 1, 2016
ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေးကော်မရှင် ဖွဲ့စည်းရန် လွှတ်တော်တွင် အဆိုပြု
Donate to DVB

ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေး ကော်မရှင်မှာ ဥက္ကဋ္ဌအဖြစ် သူရဦးရွှေမန်း အပါအ၀င် အဖွဲ့ဝင် ၃၅ ဦးနဲ့ ဖွဲ့စည်းသွားဖို့ ဖေဖော်ဝါရီ ၂၉ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အဆိုပြုခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းမယ့် အဲဒီကော်မရှင်မှာ အဖွဲ့ဝင်တွေအဖြစ် လွှတ်တော်ကိုယ်စားလှယ် ၄ ဦးနဲ့ ပြင်ပပုဂ္ဂိုလ် ၃၁ ဦး ပါဝင်ပြီး အရင် အစိုးရအဖွဲ့ဝင် အငြိမ်းစား ညွှန်ကြားရေးမှူးတွေ အများဆုံး ပါဝင်ပါတယ်။

ကော်မရှင် ဒု-ဥက္ကဌ ၁ အဖြစ် ရမည်းသင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်၊ ဒု-ဥက္ကဌ ၂ အဖြစ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြတ်အေးနဲ့ အတွင်းရေးမှူးအဖြစ် ဦးခင်မောင်ထွန်းတို့ကို တာဝန်ပေးအပ်သွားမှာပါ။

ဒီကနေ့ မတ်လ ၁ ရက်နေ့မှာ ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ လွှတ်တော်အဆုံးအဖြတ်ကို ခံယူမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013