DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် နိုင်ငံတကာအဆင့်မီ စက်သုံးဆီတင်ဆီချဆိပ်ကမ်းသစ် တည်ဆောက်မည်
DVB
·
February 29, 2016
မန္တလေးတွင် နိုင်ငံတကာအဆင့်မီ စက်သုံးဆီတင်ဆီချဆိပ်ကမ်းသစ် တည်ဆောက်မည်
Donate to DVB

မြန်မာ့စွမ်းအင်ကဏ္ဍဖွံ့ဖြိုးရေး အများပိုင်ကုမ္ပဏီလီမိတက်က မန္တလေးမြို့မှာ နိုင်ငံတကာ အဆင့်မီ စက်သုံးဆီတင် ဆီချဆိပ်ကမ်းသစ်ကို အကောင်အထည်ဖော်တည် ဆောက်သွားမယ်လို့ မြန်မာ့အလင်းသတင်းစာမှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဖော်ပြ ပါတယ်။

အဲဒီ ဆိပ်ကမ်းသစ်ကို မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင်း၊ ဧရာဝတီ မြစ်နဲ့ ဒုဋ္ဌ၀တီမြစ်ဆုံရာအနီးမှာ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

လက်ရှိ သယ်ယူပို့ဆောင်နေသည့် ဆိပ်ကမ်းနေရာဟာ မီးဘေးအန္တရာယ်စိုးရိမ် ရတဲ့အတွက် အန္တရာယ်ကင်းစွာ သယ်ယူဖြန့်ဖြူးပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဒီစီမံကိန်းကို ခွင့်ပြုပေးခဲ့တာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်က ပြောပါတယ်။

အခုတည်ဆောက်ခွင့်ရရှိခဲ့တဲ့ မြန်မာ့စွမ်းအင်ကဏ္ဍဖွံ့ဖြိုးရေး အများပိုင်ကုမ္ပဏီမှာ လုပ်ငန်းရှင်ကုမ္ပဏီ ၅၂ ခု ပါဝင်ပြီး စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်း ၀ယ်ရေး ကိစ္စတွေ စနစ်တကျလုပ်နိုင်ဖို့ အစိုးရက တရားဝင်ခွင့်ပြုပေးခဲ့တာပါ။

ဒီစီမံကိန်းဟာ မြေဧရိယာအကျယ် ၁၆ ဒဿမ ၆ ဟက်တာ ပေါ်မှာ တည်ဆောက် သွားမှာဖြစ်ပြီး ဂါလန်နှစ်သန်းဆံ့ ဆီသိုလှောင်ကန် ၃၂ လုံး၊ ဆိပ်ခံတံတား ၄ စင်း၊ ဆီသယ်ယာဉ် ၁၃၆ စီး တပြိုင်တည်း ဆီဖြည့်နိုင်တဲ့ နေရာတွေနဲ့ မီးဘေးလုံခြုံရေး အတွက် ဂါလန် ၅ သိန်းဆံ့ ရေကန်တကန်ပါဝင်မှာလို့ ဆိုပါတယ်။

အဲဒီစီမံကိန်းလုပ်ငန်းတွေ တည်ဆောက်ရေးကို လာမယ့် ၆ လအတွင်း စတင်မှာ ဖြစ်ပြီး တနှစ်အတွင်း စီမံကိန်းပြီးဆုံးမှာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013