DVB Logo
Home
မြန်မာသတင်း
၅ ဦးပါ အတွင်းရေးမှူးအဖွဲ့ အန်အယ်လ်ဒီပါတီ ဖွဲ့စည်း
DVB
·
February 29, 2016
၅ ဦးပါ အတွင်းရေးမှူးအဖွဲ့ အန်အယ်လ်ဒီပါတီ ဖွဲ့စည်း
1 / 2
Donate to DVB

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပါတီကိုကြပ်မတ်ထိန်းသိမ်းဖို့ ၅ ဦးပါ အတွင်းရေးမှူးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ဖေဖော်ဝါရီ ၂၉ ရက်နေ့စွဲနဲ့ ကြေညာ လိုက်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ မဲဆန္ဒနယ် ၈၀ ရာခိုင်နှုန်းလောက် အနိုင်ရရှိခဲ့ပြီး အဖွဲ့ချုပ်အဖွဲ့ဝင်တွေရဲ့ အမာခံပါတီဝင်အများစုဟာ လွှတ်တော်ကိုယ်စားလှယ် တွေအဖြစ် လွှတ်တော်တာဝန်တွေ ထမ်းဆောင်နေကြတဲ့အတွက် ပါတီရဲ့လုပ်ငန်းစဉ်တွေ အားလျော့နည်းလာမယ့် အလားအလာကို ကြပ်မတ်ထိန်းသိန်းနိုင်ဖို့အတွက် အခုလို ဖွဲ့စည်း လိုက်တာလို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အသစ်ဖွဲ့စည်းလိုက်တဲ့ အတွင်းရေးမှူးအဖွဲ့ထဲမှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေ ဖြစ်ကြ တဲ့ ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်၊ ဦးဉာဏ်ဝင်းနဲ့ ဦးဟံသာမြင့်တို့ ပါဝင် ပါတယ်။

ဒါ့အပြင် ယခင် အရံဗဟိုအလုပ်အမှုဆောင်အဖွဲ့ မန်းဂျော်နီကိုလည်း ဗဟိုအလုပ်အမှုဆောင် အဖြစ် တာဝန်ပေးအပ်လိုက်ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို မူလ ၁၅ ဦးရှိရာက ၁၆ ဦးနဲ့ တိုးချဲ့ဖွဲ့စည်းလိုက်ပါတယ်။

ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက “အရင်တုန်းက အတွင်းရေးမှူးအဖွဲ့မရှိပါဘူး အခုမှဖွဲ့တာပါ။ ကျနော်တို့ အလုပ်လုပ်ဖို့တွေ အများကြီးရှိလာတော့လေ အင်အား ဗဟိုကနေစပြီးဖြည့်တာပေါ့နော်၊ အကုန်တော့ မဟုတ်သေးဘူး နောက်လည်း ဖြည့်ဦးမှာပါ။ ပါတီမှာလည်း အားမနည်းအောင် ဒါကြိုးစားပြီးတော့ လုပ်နေတာပါ”လို့ ပြောပါတယ်။

ဗဟိုကော်မတီဝင် ဒေါက်တာမျိုးညွန့်ကိုတော့ အရံဗဟိုအလုပ်အမှုဆောင်အဖြစ် တာဝန် ပေးအပ်လိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့က နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်ပြီး အခုလို တာဝန်တွေ ပေးအပ် လိုက်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013