DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် စစ်ကြောင့်အရပ်သားသေဆုံးမှုနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ဆက်ရှိနေ
DVB
·
February 29, 2016
မြန်မာနိုင်ငံတွင် စစ်ကြောင့်အရပ်သားသေဆုံးမှုနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ဆက်ရှိနေ
Donate to DVB

၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ အနည်းငယ် လျော့နည်းလာမယ့် စစ်ပဋိပက္ခကြောင့် အရပ်သားတွေသေဆုံးတာ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေ ဆက်ရှိနေဆဲဖြစ်ပဲလို့ နယ်စပ်အခြေစိုက် လူ့အခွင့်အရေးမှတ်တမ်း ကွန်ရက်-မြန်မာနိုင်ငံ (ND-Burma)က ထုတ်ဖော်လိုက်ပါတယ်။

၂၀၁၅ ဇန်န၀ါရီကနေ ဒီဇင်ဘာအထိ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၈၄ ခုကိုမှတ်တမ်းတင်ထားတဲ့ အစီရင်ခံစာကို ND-Burma က ယနေ့ ထုတ်ပြန်လိုက်တာဖြစ်ပြီး အဖြစ်အများဆုံး လူ့ အခွင့်အရေးချိုးဖောက်မှုဟာ ညှဉ်းပန်းနှိပ်စက်မှု ဖြစ်တဲ့အကြောင်းနဲ့၊ အစိုးရတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) အချို့ အရပ်သားတွေအပေါ် ပစ်မှတ်ထား ကျူးလွန်တာကိုတွေ့ရတယ်လို့ ဆိုပါတယ်။

ND-Burma ရဲ့ ညှိနှိုင်းဆောင်ရွက်ရေးမှူး ဟန်ကြီးက “အဓိကအားဖြင့် တိုက်ပွဲတွေ ဖြစ်တဲ့နေရာပေါ့။ အထူးသဖြင့် ရှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်ထဲမှာ အများအပြား တွေ့ရတယ်။ စစ်ပွဲတွေဖြစ်တဲ့အခါမှာ ရွာသားတွေအပေါ် စစ်တပ်ကနေပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပတ်သက်သူလို့ ဒါပေမယ့်မဟုတ် အဖွဲ့ဝင်တွေလို့ သံသယဖြစ်ပြီးတော့ ဖမ်းဆီးတာ၊ ညှဉ်းပန်းနှိပ်စက်တာ အများဆုံးတွေ့ရတယ်။ အဲဒါနဲ့ တပြိုင်နက်မှာ တချို့ ညှဉ်းပန်းနှိပ်စက်ရင်းနဲ့ အသက်သေဆုံးတဲ့အထိ ဖြစ်သွား တာတွေရှိတယ်။ တိုက်ပွဲတွေဖြစ်တဲ့အခါမှာ အရပ်သားတွေ နေတဲ့နေရာမှန်းသိသိနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့အတွက် ရွာသားတွေ အသက်သေဆုံး ရတာတွေရှိတယ်။ နောက်တ အမျိုးသမီးတွေပေါ် လိမ်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ အဓမ္မပြုကျင့်တာ အဲဒီကိစ္စတွေ ကျနော်တို့တွေ့ရတယ်” လို့ပြောပါတယ်။

ဒါ့အပြင် အောက်တိုဘာလ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် လက်မှတ် ရေးထိုးပြီး နောက်ပိုင်းမှာလည်း ရှမ်းပြည်တပ်မတော်တောင်ပိုင်းနဲ့ တအောင်းပလောင် တပ်တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း အရပ်သားတွေပေါ်ကျူးလွန်တာတွေရှိနေတယ်လို့လည်း ပြောပါတယ်။

ND-Burma အဖွဲ့က စည်းရုံးလှုံ့ဆော်ရေး အရာရှိလိုည်းပိုးငယ်ကတော့ “မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ ဂျီနီဗာကွန်ဗန်းရှင်း အပါအ၀င် နိုင်ငံတကာ ဥပဒေတွေကို လေးစားလိုက်နာပြီးတော့၊ အရပ်သားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်တာ ကို ချက်ခြင်းရပ်စဲပါ။ အရပ်သားတွေရဲ့ အသက်၊ အိုးအိမ်နဲ့ ပိုင်ဆိုင်မှု တွေကို အလေးထား စေလိုပါတယ်” လို့ ထုတ်ပြန်ချက်မှာပြောပါတယ်။

ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ မြန်မာလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ရဲ့ အစီရင်ခံစာမှာ နိုဝင်ဘာလကကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နဲ့ အသင်းအပင်း ဖွဲ့စည်းခွင့်တွေကို ပိတ်ပင်တဲ့ ချိုးဖောက်မှု ၁၇ ခုနဲ့ သတ်ဖြတ်မှု ၁၁ ခုကို လည်းဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013