Home
မြန်မာသတင်း
မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ ဖွဲ့စည်း
ကျော်ဇေဝင်း
·
February 29, 2016
Parliament29022016
12806069_10206958132644269_7058254336049200620_n
12799035_10206958131444239_5045848662854995364_n
12790988_10206958131884250_3093482319438643355_n
12670385_10206958131924251_5803101215709525206_n
ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ (Myanmar Parliamentary Union - MPU) ဖွဲ့စည်းဖို့ အဖွဲ့ဝင်တွေရဲ့အမည်စာရင်းတွေကို  တင်သွင်းခဲ့ပါတယ်။ ဒီကနေ့ အစည်းအဝေးမှာတော့ တင်ပြခြင်း၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင်ဖွဲ့စည်းဖို့ အဖွဲ့ဝင်စာရင်းတင်ပြခြင်း၊ အာဆီယံ ပါလီမန်များ ညီလာခံဆိုင်ရာပူးပေါင်းကော်မတီ ( Joint Committee on ASEAN Inter-Parliamentary Assembly) ဖွဲ့စည်းဖို့ အမည်စာရင်း တင်သွင်းခြင်းနဲ့ နိုင်ငံတကာပါလီမန်များအဖွဲ့ဆိုင်ရာ ပူးပေါင်း ကော်မတီ (Joint Committee on Inter-Parliamentary Union) ဖွဲ့စည်းဖို့ အမည်စာရင်း တင်သွင်းခြင်းတွေကို ဆောင်ရွက်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ (Myanmar Parliamentary Union - MPU) ကိုတော့ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ အပါအဝင် တိုင်းနှင့် ပြည်နယ်က လွှတ်တော်ဥက္ကဋ္ဌတွေ စုစုပေါင်း ၁၈ ဦးနဲ့ ဖွဲ့စည်းမှာဖြစ်ပါတယ်။ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ကိုတော့ သူရဦးရွှေမန်းက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်မှာဖြစ်ပြီး အဖွဲ့ဝင် ၃၅ ဦးနဲ့ ဖွဲ့စည်းမှာလည်းဖြစ်ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024