DVB Logo
Home
မြန်မာသတင်း
ထိုင်းတီဗွီ ချနယ် ၃ အစီအစဉ်ကြေညာသူ ထောင် ၁၃ နှစ် ၄ လချခံရ
DVB
·
February 29, 2016
ထိုင်းတီဗွီ ချနယ် ၃ အစီအစဉ်ကြေညာသူ ထောင် ၁၃ နှစ် ၄ လချခံရ
Donate to DVB

ထိုင်းတီဗွီချနယ်လ် ၃ မှာ နေ့စဉ် သတင်းကောက်နှုတ်ချက်များတင်ဆက်နေတဲ့ အစီအစဉ် ကြေညာသူ ဆော်လယုဒ် ဆူထတ်ဆနကျင်းဒါးကို ကြော်ငြာခများ အလွှဲသုံးစားမှုနဲ့ ရတ်ချဒါး တရားရုံးက ထောင်ဒဏ် ၁၃ နှစ် ၄ လ ချမှတ်ခဲ့ပါတယ်။

သူဟာ ကိုယ်ပိုင်အနေနဲ့ လိမ္မော်ခြံအမည်ရှိ မီဒီယာကုမ္ပဏီကို တည်ထောင်ထားပြီး ထိုင်း အစိုးရရုပ်သံဌာနနဲ့လည်း ကြော်ငြာလုပ်ငန်းဆောင်ရွက်နေရာမှ မနှစ်က  ဘတ်ငွေ ၁၃၈ သန်း အလွဲသုံးစားမှုနဲ့ တရားစွဲခံခဲ့ရတာ ဖြစ်ပါတယ်။

ဥပဒေအရ ထောင်ဒဏ် ၂၀ နှစ်ထိ အပြစ်ပေးခံရဖို့ရှိပေမယ့်  တရားရုံးမှ ၁၃ နှစ် နဲ့ ၄ လ ထိ လျော့ပေါ့ပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဒါဟာအခြေခံတရားရုံး ဆုံးဖြတ်ချက်အဆင့်ဘဲဖြစ်ပြီး သူ့အနေနဲ့ နောက်ထပ် အယူခံတင်ခွင့်၊ အဆင့်မြင့်တရာရုံးထိ ရင်ဆိုင်ခွင့်တွေ ရှိပါသေးတယ်။

ဆော်လယုဒ် ဆူထတ်ဆနကျင်းဒါးဟာ ခိုလပ်ခရိုင် သစ်တောကြိုးဝိုင်းအနီး ကြီးကျယ်ခမ်းနား တဲ့ အိမ်တလုံးဆောက်ထားပြီး သစ်တောပိုင်နက်ကျော်လွန်မှု၊ သဘာဝစမ်းချောင်း အကျယ်ချဲ့မှု တွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။

ဆော်လယုဒ် ဆူထတ်ဆနကျင်းဒါးဟာ ရုပ်သံအစီအစဉ်တင်ဆက်သူအဖြစ် နှစ်ပေါင်း ၂၀ ကြာ လုပ်ကိုင်ပြီး လူကြိုက်များတဲ့ အစီအစဉ်တင်ဆက်သူတစ်ဦးလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013