DVB Logo
Home
မြန်မာသတင်း
ဒလမြို့ မြေစိုက်ရေကန်များ ယခင်နှစ်ထက်စောပြီး ခန်းစပြု
DVB
·
February 29, 2016
ဒလမြို့ မြေစိုက်ရေကန်များ ယခင်နှစ်ထက်စောပြီး ခန်းစပြု
Donate to DVB

ရန်ကုန်မြို့ရဲ့တဖက်ကမ်းမှာရှိနေတဲ့ ဒလမြို့နယ်မှာ ဒီနှစ်ရာသီဥတုရဲ့အပူရှိန် ပြင်းထန်မှုကြောင့် အရင်နှစ်တွေကထက်စောပြီး မြေစိုက်ရေကန်တွေထဲမှာ ရေတွေခန်းစပြုလာ တယ်လို့ ရန်ကုန်တောင်ပိုင်းခရိုင် ဒလမဲဆန္ဒနယ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင် က ဒီဗွီဘီကိုပြောပါတယ်။

ပြီးခဲ့တဲ့အရင်နှစ်တွေက ဧပြီလရောက်မှ မြေစိုက်ရေကန်ထဲကရေတွေ ခန်းလေ့ရှိပေမယ့် ဒီနှစ်တော့ မတ်လမကုန်ခင် ရေကန်ထဲကရေတွေအားလုံး ခန်းခြောက်သွားနိုင်တဲ့ အနေအထားနဲ့ ကြုံလာနိုင်တာကြောင့် ဒလမြို့ခံပြည်သူတွေက ရေအခက်အခဲတွေနဲ့ ပိုကြုံတွေ့လာမှာကို စိုးရိမ်နေကြပါတယ်။

ဒလမြို့နယ်မှာ ရပ်ကွက်ပေါင်း ၂၃ ရပ်ကွက်နဲ့ ကျေးရွာပေါင်း ၅၅ ရွာရှိပြီး မြေစိုက်ရေကန် ၃၂၄ ကန်ရှိပါတယ်။ ဒါပေမယ့် ဒီရေကန်တွေထဲကိုရေတွေရရှိအောင် ပြီးခဲ့တဲ့ လွှတ်တော် သက်တမ်း ၅ နှစ်အတွင်းမှာ ဒလမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ၂ ဦးလုံးဟာ လုံးဝဆောင်ရွက်ပေးခဲ့တာ မရှိဘူးလို့ ဒလပြည်သူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013