DVB Logo
Home
မြန်မာသတင်း
ကရင် ပါတီ ၅ ခု ပေါင်းရန် ဆုံးဖြတ်
DVB
·
February 28, 2016
ကရင် ပါတီ ၅ ခု ပေါင်းရန် ဆုံးဖြတ်
Donate to DVB

ကရင်ပါတီ ၅ ခုပေါင်းပြီး တပါတီတည်းဖွဲ့ဖို့ သဘောတူလိုက်ကြတယ်လို့ ကရင်ပြည်နယ်ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးစောသန်းမြက ပြောပါတယ်။

ကရင်ပြည်သူ့ပါတီ၊ ကရင်ပြည်နယ်ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဖလုံ-စဝေါ်ဒီမို ကရက်တစ်ပါတီ၊ ကရင်ဒီမိုကရက်တစ်ပါတီနဲ့ ကရင်အမျိုးသားပါတီ ၅ ခု ပေါင်းစည်းကြမှာ ဖြစ်ပါတယ်။

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ဒီနေ့ပြုလုပ်တဲ့ ပါတီ ၅ ခုရဲ့ တတိယအကြိမ်စည်းဝေးပွဲကနေ ပါတီတွေပေါင်းဖို့ သဘောတူခဲ့ကြတာလို့ သူက ပြောပါတယ်။

“ကရင်လူထုက ကရင်ပါတီတွေ များတယ်ပေါ့ဗျာ၊ နောက်ပြီးတော့ ကရင်လက်နက်ကိုင်တွေကလည်း များတယ်၊ ဖြစ်နိုင်မယ်ဆိုရင် ကရင်တပါတီ ပေါင်းစည်းလိုက်ပါလို့ လူထုတွေက တောင်းဆိုတယ်၊ နောက်တခုက ၂၀၁၅ ရွေးကောက်ပွဲမှာ ပါတီကများတဲ့အခါကျတော့ ရွေးကောက်ပွဲမှာ ရှုံးတယ်၊ အဲ့ဒါလည်း အကြောင်း တချက်ပါတယ်။”

ကရင်ပြည်နယ်အခြေစိုက် ကရင်ပါတီ ၃ ခု၊ ရန်ကုန်က ကရင်ပါတီ ၁ ခုနဲ့ ဧရာဝတီတိုင်းက ပါတီတခုတို့ ပေါင်းပြီး တပါတီဖွဲ့ဖို့ ဆုံးဖြတ်လိုက်ပေမယ့် ပါတီ နာမည်နဲ့ မူဝါဒတွေကိုတော့ နောက်တကြိမ် စည်းဝေးပွဲကျမှ ရွေးချယ်ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။

ဒီ ကရင်ပါတီ ၅ ခုဟာ ၂၀၁၀ နောက်ပိုင်းမှာ ထွက်ပေါ်လာတဲ့ ပါတီတွေဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ အခြေမလှ ဖြစ်ခဲ့တဲ့ ပါတီတွေလည်း ဖြစ်ပါတယ်။

အခုဆိုရင် ကရင်နဲ့ ရခိုင်ပါတီတွေ ပေါင်းစည်းနိုင်ခဲ့ပြီဖြစ်ပြီး ရှမ်း၊ မွန် စတဲ့ပါတီတွေတော့ ပေါင်းစည်းနိုင်ခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013