
အာရှ ထိပ်တန်း ပင်လယ်ကမ်းခြေ ၂၅ ခု စာရင်းမှာ ရခိုင်ပြည်နယ် သံတွဲက ငပလီကမ်းခြေဟာ ထိပ်တန်းက ရပ်တည်နေပါတယ်။
ခရီးသွားလာဖို့ အတွက် သုံးသပ်ချက်တွေ ပေးနေတဲ့ ဗြိတိန်အခြေစိုက် ခရီးသွားအကြံပေး “Tripadvisor” ၀က်ဆိုဒ်က ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။
အကောင်းဆုံး၊ အလွန်ကောင်း၊ သာမာန်၊ ညံ့၊ အဆိုးဝါးဆုံးဆိုတဲ့ အဆင့်သတ်မှတ်ချက်တွေ အလိုက် ရွေးချယ်မဲပေးထားခဲ့တာ ဖြစ်ပြီး မဲပေးသတ်မှတ်ချက်အရ ငပလီက နံပါတ် ၁ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
သွားလာဖို့ အကောင်းဆုံးကတော့ နိုဝင်ဘာနဲ့ မတ်အကြား ဖြစ်တယ်လို့ဝက်ဆိုဒ်မှာ ရေးသားထားပါတယ်။
၂၀၁၆ ဖေဖော်ဝါရီလမှာ သွားရောက်လည်ပတ်ခဲ့တဲ့ ခရီးသွားတဦးကတော့ ကမ်းခြေတွေက လှသလို ရေကကြည်လင်နွေးထွေးပြီး လူသိပ်မရှိဘူးလို့ သုံးသပ်ထားပါတယ်။
ဒေသခံတွေကလည်း တခြား ကမ်းခြေတွေကို သိပ်အနှောင့်အယှက်မပေးသလို မိသားစုအတွက်လည်း သင့်တော်တယ်လို့ ငပလီကမ်းခြေကို သုံးသပ်ပေးထားပါတယ်။
ဒီနောက်မှာတော့ ဖိလစ်ပိုင်က နက်ပန်၊ ထိုင်းက ကန်တာနွိုင်း၊ အိန္ဒိယက အဂွန်ဒါ ကမ်းခြေတွေက အသီးသီးရပ်တည်နေပါတယ်။











