DVB Logo
Home
Lead Story
အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး ပြုလုပ်
DVB
·
February 28, 2016
အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး ပြုလုပ်
1 / 8
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကို နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်မှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နေ့လယ် ၁ နာရီက ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီအစည်းအဝေးကို ၁ နာရီခွဲကြာပြုလုပ်ခဲ့တာဖြစ်ပြီး ပါတီတွင်းကိစ္စတွေ၊ စည်းရုံးရေးကိစ္စတွေ၊ တိုင်ကြားစာကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ပြောပါတယ်။

"ပါတီတွင်းကိစ္စ၊ စည်းရုံးရေးကိစ္စတွေပေါ့၊ နောက်တိုင်ကြားစာကိစ္စတွေ၊ အဲဒါမျိုးတွေ အခြားတော့ ထွေထွေထူးထူးမရှိပါဘူး" လို့ ဦးဝင်းထိန်က သတင်းမီဒီယာတွေကိုပြောပါတယ်။

အခုရက်ပိုင်း လူစိတ်ဝင်စားမှုမြင့်တက်နေတဲ့ နိုင်ငံတော်သမ္မတလောင်း ၃ဦးလျာထား ရွေးချယ်အတည်ပြုရေး၊ရွေးချယ်ထားတဲ့ အစိုးရအဖွဲ့စာရင်း အတည်ပြုရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ခြင်းမရှိဘူးလို့လည်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးထွန်းထွန်းဟိန်က ဆိုပါတယ်။

"အခုလုပ်တဲ့အစည်းအဝေးက ပုံမှန်အစည်းအဝေးပါပဲ။ အန်ကယ်တို့ ပါတီလုပ်ငန်းနဲ့ပတ်သတ်တဲ့ ပုံမှန်အစည်းဝေးလုပ်တာပါ။ တခြားထူးထူးဆန်းဆန်းမပါပါဘူးဗျာ။" လို့ ဦးထွန်းထွန်းဟိန်ကပြောပါတယ်။

ဒီကနေ့ပြုလုပ်တဲ့အစည်းအဝေးတက်ရောက်လာသူတွေကတော့ ဦးဉာဏ်ဝင်း၊ ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဦးဟံသာမြင့်၊ ဒေါက်တာအောင်မိုးညို၊ ဦးထွန်းထွန်းဟိန်၊ ဒေါက်တာမျိုးအောင်၊ ဦးအုန်းကြိုင်၊ ဒေါက်တာဇော်မြင့်မောင်၊ ဦးညီပု၊ ဦးကျော်ခင်၊ ဒေါက်တာမေဝင်းမြင့်၊ ဒေါ်ခင်ဌေးကြွယ်နဲ့ ဒေါ်နန်းခင်ထွေးမြင့်တို့အဖွဲ့ဝင် ၁၅ ဦးလုံး တက်ရောက်ခဲ့ကြတာပါ။

သတင်းဓာတ်ပုံ - ကျော်ဇေယျာဝင်း

ဓာတ်ပုံ - ကျော်ဇေယျာဝင်း

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013