DVB Logo
Home
မြန်မာသတင်း
ရန်ကုန်ရေကမ္ဘာ စတင်ဖွင့်လှစ် (ဓာတ်ပုံ)
DVB
·
February 28, 2016
ရန်ကုန်ရေကမ္ဘာ စတင်ဖွင့်လှစ် (ဓာတ်ပုံ)
1 / 6
Donate to DVB

ရန်ကုန်မြို့ သာကေတမြို့နယ်က အရင် ရှုခင်းသာပန်းခြံကို အဆင့်မြှင့်တင်တည်ဆောက်ခဲ့တဲ့ ရန်ကုန်ရေကမ္ဘာ (Yangon Waterboom) ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က စတင်ဖွင့်လှစ်လိုက်ပါတယ်။

ရန်ကုန်ရေကမ္ဘာကို ၂၀၁၃ ခုနှစ် စက်တင်ဘာက စတင်တည်ဆောက်ခဲ့ပြီး ရေကစားနည်း၂၀ ကျော်ပါဝင်ပါတယ်။

မြေဧရိယာ ဧက ၁၈ ကျယ်ဝန်းတဲ့ ရန်ကုန်ရေကမ္ဘာမှာ Outbound ဧရိယာ၊ Futsal ကစားကွင်း၊ စားသောက်ဆိုင်၊ Beauty Saloon နဲ့ အမှတ်တရပစ္စည်း အရောင်းဆိုင်တွေလည်း ပါဝင်ပါတယ်။

ဝင်ကြေးအနေနဲ့ တဦးကို ကျပ် ၂၅၀၀၀ သတ်မှတ်ထားပြီး ဖွင့်ပွဲ အထိမ်းအမှတ်အနေနဲ့ ဖေဖော်ဝါရီ ၂၉ ရက်နေ့ကနေ မတ်လ ၂၆ ရက်နေ့အထိ လူကြီး ၁၆၀၀၀ ကျပ် ကလေး ၁၂၀၀၀ ကျပ် လျှော့ချပေးထားပါတယ်။

ရန်ကုန်ရေကမ္ဘာကို မတ် ၂ ရက်နေ့ကစပြီး ပိတ်ရက်မရှိ မနက် ၉ နာရီကနေ ည ၈ နာရီအထိ ဖွင့်လှစ်ထားမှာဖြစ်ပြီး မသန်စွမ်းသူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အသက် ၇၀ အထက် သက်ကြီးရွယ်အိုတွေကို ပုံမှန် ဝင်ကြေးရဲ့ ၅၀ ရာခိုင်နှုန်း ဈေးနှုန်းလျော့ချပေးမယ်လို့ သိရပါတယ်။

ရန်ကုန်ရေကမ္ဘာကို UMG Myanmar Group Of Companies ရဲ့ လုပ်ငန်းခွဲတခုဖြစ်တဲ့ Media One ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်ခဲ့တာပါ။

သတင်းဓာတ်ပုံ - အာကာ

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013