DVB Logo
Home
မြန်မာသတင်း
သိမ်းဆည်းမြေ ပြန်ရရေး ပေါင်းတလည်မြို့ ဒေသခံများ ဆန္ဒပြ
DVB
·
February 28, 2016
သိမ်းဆည်းမြေ ပြန်ရရေး ပေါင်းတလည်မြို့ ဒေသခံများ ဆန္ဒပြ
1 / 7
Donate to DVB

ပေါင်းတလည်မြို့ အုပ်ချုပ်ရေးမှူးရုံး ဆောက်ဖို့ သိမ်းယူထားတဲ့ လယ်ယာမြေတွေ ပြန်ရဖို့အတွက် အသိမ်းခံထားရတဲ့ ပိုင်ရှင်တွေက ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ပဲခူးတိုင်း ပေါင်းတလည်မြို့မှာ မြို့အုပ်ချုပ်ရေးမှူးရုံးဆောက်ဖို့ လယ်ယာမြေတွေကို သိမ်းယူထားလို့ ဒေသခံတွေ အခက်ခဲကြုံနေကြရကြောင်း ဆန္ဒပြသူတဦးဖြစ်တဲ့ ကိုမြတ်ထိန်ဝင်းက ပြောပါတယ်။

“ကျနော်တို့ မိသားတစုလုံး ဒုက္ခရောက်တာပေါ့။ သူတို့က မတရားသိမ်းထားတာ၊ ဘာလျှော်ကျေးမှလည်း မရဘူး၊ ကျနော်တို့ ဘိုးဘွားအစဉ်ဆက်ပိုင်လာခဲ့တဲ့လယ်တွေကိုသိမ်းပြီး နောက်မှလာတဲ့ သူတို့ကျတော့ ပုံစံ ၇ ထုပ်ပေးပြီး၊ ကျနော်တို့ကျတော့ ပုံစံ ၇ ထုတ်မပေးဘူး၊ အဲဒါကြောင့် ဆန္ဒပြတာပါ။”

အဲဒီလယ်တွေကို ၁၉၈၇ ခုနှစ်ကတည်းက ဓာတ်ဆီဆိုင်အတွက် ၁ ဧကခွဲ၊ နောက် ဆေးရုံအတွက် ၄ ဧက၊ မီးသတ်အတွက် ပေ ၈၀x၂၅၀၊ မြို့အုပ်ချုပ်ရေးမှူးရုံးဆောက်ဖို မြေ ၂ ဧကခွဲကို သိမ်းယူလိုက်ပြီး အဲဒီနေရာကို ပိုင်ရှင်တွေက ခြံစည်းရိုး ၀င်ခတ်တာကြောင့် ပိုင်နက်ကျူးလွန်မှုနဲ့ သူတို့ကို တရားစွဲဆိုထားတယ်လို့ ဆိုပါတယ်။

“အုပ်ချုပ်ရေးမှုးက တရားရုံးမှာ တရားစွဲတယ်။ တရားစွဲပြီး တရားရင်ဆိုင်နေစဉ်မှာပဲ ရပ်ကွပ်အုပ်ချုပ်ရေးမှူးက ပရန်ဆရာနဲ့တွဲပြီး အဆောက်အဦဆောက်တယ်၊ အမှုက ရင်ဆိုင်ဆဲကို၊ အမိန့်မချသေးဘဲနဲ့ အခုလိုဝင်ဆောက်တာကိုက ဥပဒေကို ဆောင့်ရှောက်တဲ့သူတွေကိုယ်တိုင်က ဥပဒေကို ချိုးဖောက်နေတာ” ဆန္ဒပြရာမှာ ပါဝင်တဲ့ ဦးဘိုမြ က ပြောပါတယ်။

ဆန္ဒပြသူတွေက ဓားမဦးချတို့ရဲ့မြေ တို့ကိုပြန်ပေး၊ ဥပဒေအကာအကွယ် ပြည်သူကိုပေး၊ နိုင်ငံဝန်ထမ်းများ တည်ဆဲဥပဒေကိုလေးစားပါ၊ ဥပဒေမဲ့ မြေမယူပါနဲ့ မြေမသိမ်းပါနဲ့၊ မြေခွန်ပြေစာ တို့မှာရှိ၊ မြေသိမ်းဥပဒေ နှင့် အညီဆောင်ရွက်ပါ၊ အုပ်ချုပ်ရေးမှူး ဥပဒေ အထက်မနေပါနဲ့၊ တောင်သူများမြေ အလကားမယူပါနဲ့၊ စနစ်တကျလုပ်ထုံး လုပ်နည်းနှင့် အညီဆောင်ရွက်ပါ၊ ဥပဒေမဲ့ တောင်သူတွေကို ဒုက္ခမပေးပါနဲ့၊ မြေမသိမ်းရင် တို့မြေပြန်ပေးပါ၊ စတဲ့ ဗွီနှိုင်းတွေကို ကိုင်ကာကြွေးကြော်ပြီး၊ မြို့လယ်ဇေယျာမုနိ ဘုရားရှေ့ကနေ အသိမ်းခံထားရတဲ့နေရာအထိ ပြည်၊ ပေါက်ခေါင်း လမ်းတလျှောက် လူ ၄၀ လောက် ဆန္ဒပြခဲ့ကြတာပါ။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013