DVB Logo
Home
မြန်မာသတင်း
မန်းသင်္ကြန် ရေလျှော့ချသုံးရန် မြို့တော်စည်ပင် စီစဉ်
DVB
·
February 27, 2016
မန်းသင်္ကြန် ရေလျှော့ချသုံးရန် မြို့တော်စည်ပင် စီစဉ်
Donate to DVB

အယ်လ်နီညိုကြောင့် နွေရာသီ ရေပြတ်လပ်မှုကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ မန္တလေးသင်္ကြန်မှာ ရေလျှော့ချသုံးစွဲဖို့ မြို့တော်စည်ပင်သာယာရေးကော်မတီက စီစဉ်နေပါတယ်။

မန္တလေးသင်္ကြန်မှာ ကျုံးပတ်လည် ရေစုတ်စက်နဲ့ ရေပက်ကစားတာကို ခွင့်ပြုမှာ မဟုတ်သလို ရေပိုက်ခေါင်း အရွယ်အစားနဲ့ အရေအတွက်ကို ကန့်သတ်လျှော့ချသွားမယ်၊ ရေပက်ကစားချိန် လျှော့ချသတ်မှတ်သွားမယ်လို့ မြို့စည်ပင်သာယာက ကြေညာချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်တွေကို မန္တလေးမြို့ သင်္ကြန်ကျင်းပရေး စည်းဝေးပွဲအပြီးမှာ ထုတ်ပြန် အသိပေးသွားမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်ကလည်း မန္တလေးလွှတ်တော်မှာ တိုင်းလွှတ်တော်ဥက္ကဋ္ဌနဲ့ မန္တလေးမြို့က ပညာရှင်တွေ၊ စာရေးဆရာတွေ တွေ့ဆုံခဲ့ကြပြီး ရေဖြုန်းတဲ့သင်္ကြန်မဖြစ်ရေးနဲ့ ကုမ္ပဏီသင်္ကြန်မဖြစ်ရေး ဆွေးနွေးခဲ့ကြတယ်လို့ ဆွေးနွေးပွဲတက်ခဲ့တဲ့ ဆောင်းပါးရှင် မောင်ဉာဏက ပြောပါတယ်။

“နံပါတ်တစ်က ရေဖြုန်းတီးမှု လျော့အောင် လုပ်မယ်၊ အယ်လ်နီညိုနဲ့လည်း ဆက်စပ်နေတဲ့အတွက်၊ နောက်တခုက ကုမ္ပဏီသင်္ကြန်ကနေပြီးတော့ ရိုးရာသင်္ကြန်ဖြစ်အောင် ပြောင်းပြီး လုပ်မယ်၊ အန်အယ်လ်ဒီ တာဝန်ယူမယ့်သက်တမ်းမှာ ရေတိုနဲ့ ရေရှည် နှစ်ခုလုပ်မယ်လို့ ပြောတယ်။”

မန္တလေးမြို့ခံ စာရေးဆရာတွေက မန်းသင်္ကြန်ကို ကျုံးဘေးမှာပဲ လုပ်တဲ့အစဉ်အလာကို ဆက်မလုပ်စေချင်တဲ့ဆန္ဒ ရှိကြကြောင်း ဆွေးနွေးခဲ့ကြတယ်လို့လည်း ပြောပါတယ်။

လာမယ့် မန္တလေးသင်္ကြန်ကို လက်ရှိ တိုင်းအစိုးရနဲ့ စည်ပင်သာယာကော်မတီတို့ကပဲ စီစဉ် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

မန္တလေးသင်္ကြန်မှာ ကျုံးဘေးမဏ္ဍပ်တွေက ရေပက်ကစားတာကြောင့် တရက်ကို ကျုံးရေ ဂါလန် ၁၀ သန်းကုန်ပြီး သင်္ကြန်တွင်းတခုလုံးမှာ ရေဂါလန် သန်း ၅၀ လောက် ကုန်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013