DVB Logo
Home
မြန်မာသတင်း
ဒီမိုကရေစီရေး မျိုးဆက်သစ်တို့ တာဝန်ဟု ဗိုလ်အောင်ကျော်ရာပြည့်ပွဲတွင် ဒေါ်စုပြော
DVB
·
February 27, 2016
ဒီမိုကရေစီရေး မျိုးဆက်သစ်တို့ တာဝန်ဟု ဗိုလ်အောင်ကျော်ရာပြည့်ပွဲတွင် ဒေါ်စုပြော
1 / 5
Donate to DVB

ဒီမိုကရေစီအရေးတော်ပုံအောင်မြင်အောင် ထမ်းဆောင်ဖို့ မျိုးဆက်သစ်လူငယ်တွေရဲ့ တာဝန်ဖြစ်တယ်လို့ ဗိုလ်အောင်ကျော်နှစ် ၁၀၀ ပြည့် အခမ်းအနားကို ပေးပို့တဲ့ သ၀ဏ်လွှာမှာ ဒေါ်အောင်ဆန်းစုကြည်က ရေးသားဖော်ပြလိုက်ပါတယ်။

ဗိုလ်အောင်ကျော် ရာပြည့်အခန်းအနားကို သူ့ဇာတိဖြစ်တဲ့  ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ မယ်ဇလီမြို့၊ ရုန်းဇင်ကျေးရွာမှာ ဒီနေ့မနက်ပိုင်းကပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ပေးပို့တဲ့ သ၀ဏ်လွှာကို တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ဖတ်ကြားခဲ့ပါတယ်။

သူက ဒေါ်စုသ၀ဏ်လွှာပါ အဓိကအချက်ကို ခုလို ပြောပြပါတယ်။

“ဗိုလ်အောင်ကျော်ဟာ ၁၃၀၀ ပြည့်အရေးတော်ပုံကြီးရဲ့ တာဝန်တွေကို ထမ်းဆောင်ရင်း ကျဆုံးတယ်၊ ၁၀ နှစ်အကြာမှာ မြန်မာပြည်လွတ်လပ်ရေးရတယ်၊ နှစ်ပေါင်း ၅၀ အကြာ ၁၉၈၈ မှာ ဒီမိုကရေစီအရေးတော်ပုံ ပေါ်ပေါက်ခဲ့တယ်၊ ဒါပေမယ့် တာဝန် မပြီးဆုံးသေးပါဘူး၊ မပြီးဆုံးသေးတဲ့ တာဝန်ကို ဆက်လက်ထမ်းဆောင်ရမှာက ဒီနေ့ မျိုးဆက်သစ်ရဲ့ တာဝန်ပါပဲ၊ ဒါကို အဓိက ဆိုလိုပါတယ်။”

ရာပြည့်အခမ်းအနား ကျင်းပပြီးတဲ့နောက် ဗိုလ်အောင်ကျော် ရာပြည့်ပြတိုက်ဖွင့်ပွဲကိုလည်း ဆက်လက်ပြုလုပ်ခဲ့ကြပါတယ်။

အခမ်းအနားကို ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီတို့အပါအ၀င် လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပြီး ဗိုလ်အောင်ကျော် ရုပ်တုဖွင့်ပွဲကိုတော့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။

ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ဟာ အင်္ဂလိပ်အစိုးရကို သပိတ်မှောက်ဆန္ဒပြရင်း စစ်ပုလိပ်တွေရဲ့ လက်ချက်နဲ့ ရန်ကုန်မှာ ကျဆုံးခဲ့ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013