DVB Logo
Home
မြန်မာသတင်း
လွှတ်တော်တွင် အစိုးရက လာမရှင်းပြတော့ဟု သမ္မတ ပြောခွင့်ရ ပြော
DVB
·
February 26, 2016
လွှတ်တော်တွင် အစိုးရက လာမရှင်းပြတော့ဟု သမ္မတ ပြောခွင့်ရ ပြော
Donate to DVB

အခုကျင်းပနေတဲ့ လွှတ်တော်စည်းဝေးပွဲတွေမှာ လက်ရှိအစိုးရအဖွဲ့က သွားရောက်ရှင်းလင်း တင်ပြခြင်း မပြုဘဲ ဆိုင်းငံ့ထားဖို့ အစိုးရအဖွဲ့က ဆုံးဖြတ်ထားတယ်လို့ သမ္မတရဲ့ ပြောခွင့်ရ ဦးရဲထွဋ်က ပြောပါတယ်။

သူက ရှမ်းမြောက်တိုက်ပွဲနဲ့ အယ်လ်နီညိုကိစ္စက အမျိုးသားအကျိုးစီးပွားနဲ့ ဆက်စပ်နေလို့ ပြည်ထောင်စုဝန်ကြီး၊ ဒု-၀န်ကြီးတွေက သွားရောက်ရှင်းလင်း တင်ပြခဲ့တာ ဖြစ်ပေမယ့် နောက်ပိုင်းမှာ အဆိုတွေ ဆက်တိုက်တင်လာလို့ သွားမဖြေတော့ဖို့ ဆုံးဖြတ်ခဲ့တာလို့ နိုင်ငံပိုင်သတင်းစာကို ပြောလိုက်တာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော်မှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အရေးကြီးအဆိုကို သက်ဆိုင်ရာဌာနက လာရောက်ရှင်းလင်း ဖြေကြားခြင်း မရှိတဲ့အပေါ် မေးမြန်းရာမှာ ဦးရဲထွဋ်က ခုလို ပြောလိုက်တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် သူက လက်ရှိအစိုးရဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပထမအကြိမ် လွှတ်တော်ကိုပဲ တာဝန်ခံရတာဖြစ်ပြီး အခု ဒုတိယအကြိမ်လွှတ်တော်ကို တာဝန်ခံခြင်း ရှိ၊ မရှိ ဆိုတာကို ဖွဲ့စည်းပုံအရ အသေအချာ ပြန်သုံးသပ်ရမယ့်ကိစ္စ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

တခါ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ကျင်းပတဲ့ လွှတ်တော်မှာ ပုလဲမြို့နယ်အမတ် ဒေါ်ခင်စန်းလှိုင်တင်တဲ့ အရေးကြီးအဆိုမှာ အဖြစ်မှန်ကို မသိဘဲ စွပ်စွဲထားတာတွေ ပါနေတယ်၊ ဥပမာ ၂၆၀၀ MHz လှိုင်းနှုန်းကိစ္စဆိုရင် Red Link ကုမ္ပဏီနဲ့ ရတနာပုံ တယ်လီပို့တို့က ၂၀၀၉ ခုနှစ်ကတည်းက အဲဒီလှိုင်းနှုန်းကို စီးပွားရေးအတွက် အခမဲ့ သုံးနေတာဖြစ်လို့ နိုင်ငံအတွက် နစ်နာမှုမရှိအောင် လေလံပစ်ရတာဖြစ်တယ်၊ ပြီးရင် အခမဲ့ သုံးထားတဲ့ နှစ်တွေအတွက် ငွေကြေးပြန်လည်တောင်းခံဖို့လည်း ရှိတယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

အစိုးရအဖွဲ့အနေနဲ့ လွှတ်တော်မှာ သွားရောက်ရှင်းလင်းတင်ပြတာ မလုပ်တော့ပေမယ့် ပြည်သူတွေ သိသင့်တာကို သက်ဆိုင်ရာ ၀န်ကြီးဌာနတွေက ရှင်းလင်း တင်ပြမယ်လို့ သတင်းက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013