DVB Logo
Home
မြန်မာသတင်း
မူးယစ်ဆေးသုံးစွဲသူများကို ရိုက်နှက်အပြစ်ပေးခြင်းသည် ဥပဒေမဲ့လုပ်ရပ်ဟု ကြံ့ခိုင်ရေးအမတ် ဝေဖန် (ရုပ်သံ)
DVB
·
February 25, 2016
မူးယစ်ဆေးသုံးစွဲသူများကို ရိုက်နှက်အပြစ်ပေးခြင်းသည် ဥပဒေမဲ့လုပ်ရပ်ဟု ကြံ့ခိုင်ရေးအမတ် ဝေဖန် (ရုပ်သံ)
Donate to DVB

အွန်လိုင်းပေါ်တက်လာတဲ့ မူးယစ်ဆေးဝါး သုံးစွဲသူတွေကို ရိုက်နှက်အပြစ်ပေးနေတဲ့ လုပ်ရပ်ဟာ ဥပဒေမဲ့လုပ်ရပ်ဖြစ်တယ်လို့ ကြံ့ခိုင်ရေးအမတ်တဦးက ဒီနေ့ လွှတ်တော်ထဲမှာ ဝေဖန်ပြောကြားလိုက်ပါတယ်။

ပြည်သူ့လွှတ်တော်ထဲ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးလုပ်ငန်းမှာ အစိုးရက ကူညီပံ့ပိုးပေးရန် အရေးကြီးအဆိုကို ထောက်ခံဆွေးနွေးရင်း ရှမ်းပြည်နယ်၊ မိုင်းပန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်စိုးက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“တချို့သော တိုင်းရင်းသား ပြည်နယ်များမှာ တရားဝင်အဖွဲ့အစည်း မဟုတ်တဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေး အဖွဲ့များဟာ အင်အားအများအပြားနဲ့ သွားလာပြီး မူယစ်ဆေးဝါး သုံးစွဲသူများကို အပြစ်ပေးတယ်ဆိုကာ ရိုက်နှက်ခြင်းတွေ ပြုလုပ်နေတဲ့ ဗွီဒီယိုဖိုင်တွေကို လူမှုကွန်ရက်တွေပေါ်မှာ စိတ်မချမ်းမြေ့ဘွယ်ရာ တွေ့မြင်ရတာ ဖြစ်ပါတယ်။ ယင်းလုပ်ရပ်များဟာ နားလည်မှုလွဲမှားပြီးတော့ မှားယွင်းတဲ့ ဥပဒေမဲ့ လုပ်ရပ် ဖြစ်နေပါတယ်။”

အပြုသဘောဆောင်တယ်လို့ ဆိုနိုင်သော်လည်း ဥပဒေမဲ့လုပ်ရပ် ဖြစ်တဲ့အတွက် တားမြစ်သင့်တယ်လို့လည်း သူက ပြောသွားပါတယ်။

မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေး လုပ်ငန်းမှာ အစိုးရက ကူညီပံ့ပိုးပေးရန် အရေးကြီးအဆိုကို ကိုယ်စားလှယ် ၂၃ ဦးက ၀ိုင်းဝန်းဆွေးနွေးနေကြတာဖြစ်ပြီး အများစုက ထောက်ခံဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လတွေအတွင်း ဘယ်ဒေသမှန်း ခန့်မှန်းပြောဆိုလို့မရတဲ့ ဒေသတချို့မှာ မူးယစ်ဆေးသုံးစွဲသူလို့ ယူဆရသူတွေကို တုတ်တွေနဲ့ ရိုက်နှက်နေပုံ ဗွီဒီယိုနဲ့ ဓာတ်ပုံဖိုင်တွေ အင်တာနက်ပေါ် ပျံ့နှံ့ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013