DVB Logo
Home
မြန်မာသတင်း
ကော့ကရိတ်ဒေသခံ ၂ ဦး ကျားကိုက်ခံရ၊ ကျားကို အသေပစ်ခတ် ဖမ်းဆီး
DVB
·
February 25, 2016
ကော့ကရိတ်ဒေသခံ ၂ ဦး ကျားကိုက်ခံရ၊ ကျားကို အသေပစ်ခတ် ဖမ်းဆီး
1 / 3
Donate to DVB

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ရေလယ်ကုန်းကျေးရွာတွင် ဒီကနေ့ မနက် အစောပိုင်းက ငါးပိုက်ထောင်သူတဦးကို ကျားတကောင်ကကိုက်ခဲ့လို့ ဒဏ်ရရှိပြီးခဲ့ပါတယ်။ ဒဏ်ရာရရှိသူကို ဆေးရုံပို့ဆောင်နေချိန်မှာ နောက်ထပ်တဦးကို အကိုက်ခံရတယ်လို့ ကော့ကရိတ်မြို့ခံ ဦးအောင်တိုးက ပြောပါတယ်။

“ရေလယ်ကုန်းရွာဆိုတာ တံငါရွာလေ။ ပတ်လယ်က ရေတွေ့ချည်းပဲ။ အဲဒီမှာ လှေလေးနဲ့ မနက် ၅ နာရီလောက်မှာ ငါးသွားထောင်တဲ့ တံငါသည်တယောက်က ကျားကုတ်ခံရတယ်။ ကျားကုတ်ခံတော့ ရေက ဒူးဆစ်လောက်ပဲရှိတာ မနက်က မလင်းတလင်းဆိုတော့ သူစိတ်ထင် ၀က်ဝံလို့ပဲထင်တာ။ လူနာကို ကော့ကရိတ်ဆေးရုံပို့လိုက်တယ်။ နောက် ၇ နာရီလောက်မှာ နောက်တယောက်ကို ထပ်ကုတ်ပြန်ရော၊ အဲဒီလူက ကျားမှန်းတွေ့တာပေါ့။ အဲဒီနားမှာ ဘီ၈ျီအက်တပ်ဖွဲ့တွေရှိတယ်လေ။ အဲဒီတက သွားရှင်းတာ ၁၁ နာရီလောက်မှာ သေနတ်ဒဏ်ရာနဲ့ ကျားသေကို ရလာတာပေါ့။ ”

ကျားကုတ်ခံရသူနှစ်ဦးကတော့ လက်ရှိ ကော့ကရိတ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရ ပြီး ဒဏ်ရာကြီးပေမယ့် အသက်အန္တရာယ်တော့မရှိသေးဘူးလို့ ဆေးရုံတာဝန်ကျဆရာမ တဦးက ပြောပါတယ်။

“ဒဏ်ရာကတော့ကြီးတယ်။ ဒါပေမယ့်လောလောဆယ်ကတော့ အသက်အန္တာရာယ်မ ရှိသေးဘူးပေါ့။ ပထမတယောက်က ခေါင်းမှာဒဏ်ရာရတယ်။ နောက်တယောက်က ခါးနေရာနဲ့ ကျောကုန်းမှာ၊ ခေါင်းထိတဲ့သူကတော့ ဒဏ်ရာမကြီးဘူး။ ခါးထိတဲ့လူကတော့ ဒဏ်ရာနည်းနည်းကြီးတယ်။”
ကျားကိုက်ခံရသူကတော့  ဦးချက်ပြူး(ခ)ထိပ်ဖြူ နဲ့  ဦးသန်းထွန်းလေးတို့ ဖြစ်ပါတယ်။

ဓာတ်ပုံ - MOI

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013