DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်းတွင် ဒေးဗစ်မေလာ ဦးခေါင်းဒဏ်ရာကြောင့်သေဆုံးဟု ဗြိတိန်မှုခင်းအရာရှိ အတည်ပြု
DVB
·
February 25, 2016
လိပ်ကျွန်းတွင် ဒေးဗစ်မေလာ ဦးခေါင်းဒဏ်ရာကြောင့်သေဆုံးဟု ဗြိတိန်မှုခင်းအရာရှိ အတည်ပြု
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းမှာ အသတ်ခံရတဲ့ ဒေးဗစ်မေလာဟာ ပြင်းထန်တဲ့ ဦးခေါင်းဒဏ်ရာကြောင့် သေဆုံးသွားတာလို့ ဗြိတိန်နိုင်ငံက သေမှုသေခင်း စုံစမ်းစစ်ဆေးရေးအရာရှိက သုံးသပ်ပြောပါတယ်။

၂၀၁၄ ခုနှစ် စက်တင်ဘာလ လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ဒေးဗစ် မေလာနဲ့ ဟန်နာ ၀ှစ်သာရစ်တို့ အသတ်ခံရပြီး ဒီလူသတ်မှုအတွက် မြန်မာ လူငယ် ၂ ဦးကို ထိုင်းတရားရုံးက သေဒဏ် ချမှတ်ထားပါတယ်။

ဒေးဗစ်မေလာနေထိုင်တဲ့ ဂျာဆီအရပ်က သေမှုသေခင်း စုံစမ်းစစ်ဆေးရေး အရာရှိ မတ်ခ်ဟာရစ်က ထိုင်းနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ဒီလူသတ်မှုနဲ့ပတ်သက်တဲ့ စီရင်ချက်ကို မှတ်တမ်း တင်ထားတယ်လို့ ဘီဘီစီသတင်းမှာရေးပါတယ်။

ဒေးဗစ်မေလာရဲ့ မိခင် ဆူးကလည်း အသတ်မခံရခင် နာရီပိုင်းအလိုမှာ လိပ်ကျွန်းကနေ သားက Skype ကနေ ဖုန်းခေါ်ခဲ့သလို ကျွန်းက နိဗ္ဗာန်ဘုံလို့ ပြောဆိုကာ လေသာဆောင်က မြင်ကွင်းကို ပြသခဲ့တယ်လို့ ပြောပါတယ်။

အသတ်ခံရတဲ့အကြောင်းကို ရေဒီယိုကနေ ကြားသိရတဲ့အကြောင်း နာမည် မဖော်ပြပေမယ့် ဒါဟာ မေလာဆိုတာ သိတယ်လို့ သူက ပြောပါတယ်။

အကြိမ်ကြိမ်ဖုန်းခေါ်ခဲ့ပြီး အီးမေလ်းတွေပို့ခဲ့ပေမယ့် အဆိုးဝါးဆုံးတုန်လှုပ်မှုကတော့ ရဲတွေ ရောက်လာတဲ့ အချိန်မှာ အတည်ပြုနိုင်ခဲ့တယ်လို့ မိခင်ဖြစ်သူ ဆူးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013