DVB Logo
Home
မြန်မာသတင်း
ဖေဖော်ဝါရီ ၂၄ တရက်တည်း မြန်မာနိုင်ငံတ၀န်း မီး ၃ ကြိမ်လောင်ကျွမ်း (သတင်းဓာတ်ပုံ)
DVB
·
February 25, 2016
ဖေဖော်ဝါရီ ၂၄ တရက်တည်း မြန်မာနိုင်ငံတ၀န်း မီး ၃ ကြိမ်လောင်ကျွမ်း (သတင်းဓာတ်ပုံ)
1 / 6
Donate to DVB

ဖေဖော်ဝါရီ ၂၄ ရက် တရက်တည်းမှာပဲ မြန်မာနိုင်ငံတဝန်း မီး ၃ ကြိမ် လောင်ကျွမ်းခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် အမှတ် ၁ ရပ်ကွက်၊ ဘူတာရုံလမ်းအနီးမှာ ည ၈ နာရီလောက်က မီးလောင်မှုဖြစ်ပွားပြီး Level 1 အဆင့် သတ်မှတ်ကာ ယာဉ်အုပ်စုထွက်ခွာ ငြှိမ်းသတ်ရာ ၁၅ မိနစ်လောက်အကြာမှာ မီးငြိမ်းသွားခဲ့ပါတယ်။

အလားတူ ပြည်မြို့ မှုတ်ရှည်ကျေးရွာအုပ်စု ကန်သာယာရပ်ကွက် ဇေတဝန်တောရကျောင်း ဘုန်းကြီးကျောင်းအနီးမှာလည်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ တဆက်တည်း အဲဒီနေ့ မနက် ၁၀ နာရီလောက်မှာ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ အမှတ် ၅ စည်ပင်သာယာရပ်၊ မြို့ဟောင်းလမ်း၊ ရွှေစည်းခုံဘုရားအနီးက  ယွန်းထည်လုပ်ငန်းရဲ့ လူနေဆိုင်ခန်းမှာ လျှပ်စစ်ဒစ်ဂျစ်တယ်မီးဖိုနဲ့ နွားနို့ကျိုရာကနေ  နွားနို့ခန်းပြီး အပူလွန်ကဲရာက သစ်သားနံရံကို မီးကူးစက်လောင်မှု ဖြစ်ပွားခဲ့တာကြောင့် အဆောက်အဦ ၁ လုံး မီးလောင်ခံရကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်းဓာတ်ပုံ -  မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013