DVB Logo
Home
မြန်မာသတင်း
သမ္မတတာဝန်လွှဲမည့် အစီအစဉ်အသေးစိတ် အန်အယ်လ်ဒီနှင့် အစိုးရ ဆွေးနွေး
DVB
·
February 24, 2016
သမ္မတတာဝန်လွှဲမည့် အစီအစဉ်အသေးစိတ် အန်အယ်လ်ဒီနှင့် အစိုးရ ဆွေးနွေး
Donate to DVB

နိုင်ငံတော်အကြီးအကဲတာဝန်နဲ့ အစိုးရတာဝန်လွှဲ ပြောင်းရေး အတွက် အစိုးရနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ)ကိုယ်စားလှယ်အဖွဲ့တွေ ဒီကနေ့ ဖေဖော်ဝါရီ ၂၄ ရက် မွန်းလွဲပိုင်းက နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ တွေ့ဆုံရာမှာ ပါဝင်တဲ့ အစိုးရ ကိုယ်စားလှယ်အဖွဲ့က သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကပြောပါတယ်။

မြန်မာအစိုးရရဲ့ နိုင်ငံတော်အကြီးအကဲတာဝန် လွှဲပြောင်းမှု အထောက်အကူပြုကော်မတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အသွင်ကူးပြောင်းရေးအဖွဲ့အကြား ဒီတွေ့ဆုံမှုဟာ တတိယ အကြိမ် တွေ့ဆုံမှုဖြစ်ပြီး တဆက်တည်းမှာဘဲ နိုင်ငံတော် အကြီးအကဲတာဝန်နဲ့ အစိုးရ တာဝန်လွှဲ ပြောင်းရေး အခမ်းအနားကို သမ္မတအိမ်တော်မှာ လာမယ့် မတ်လ ၃၁ ရက်မှာ ကျင်းပ သွားဖို့လည်း ရှိနေပါတယ်။

ဒီကနေ့ အစည်းအဝေးမှာ သမ္မတအိမ်တော်မှာ ကျင်းပမယ့် နိုင်ငံတော်အကြီးအကဲ တာဝန် လွှဲပြောင်းတဲ့ အခမ်းအနားအစီအစဉ် လျာထားချက်တွေကို အသေးစိတ်ရှင်းလင်း ဆွေးနွေး ခဲ့ကြတယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

အစည်းအဝေးမှာ အစိုးရဘက်က နိုင်ငံတော်အကြီးအကဲတာဝန်လွှဲပြောင်းမှု အထောက် အကူ ပြုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဦးလှထွန်း၊ ကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အုန်းနဲ့ နိုင်ငံတော်သမ္မတရုံး ဒုတိယ ညွှန်ကြားရေး မှူးချုပ် ဦးဇော်ဌေး တို့ တက်ရောက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အသွင်ကူးပြောင်းရေးအဖွဲ့ကတော့ အဖွဲ့ခေါင်းဆောင် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်၊ အဖွဲ့ဝင် ဒေါက်တာမျိုးအောင်နဲ့ ဒေါက်တာအောင်သူတို့ တက်ရောက်ခဲ့ပါတယ်။

စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးကိုတော့ လာမယ့် မတ်လဆန်းအတွင်း နှစ်ဖက် ညှိနှိုင်း ကျင်းပဖို့ သဘောတူညီခဲ့ကြတယ်လို့ အစိုးရထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013