DVB Logo
Home
မြန်မာသတင်း
အရေးကြီးအဆိုတင်သွင်းစဉ် အမတ် ၂၀ ပျောက်နေသည့်အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သတိပေး
DVB
·
February 24, 2016
အရေးကြီးအဆိုတင်သွင်းစဉ် အမတ် ၂၀ ပျောက်နေသည့်အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သတိပေး
Donate to DVB

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ နေ့လယ်ပိုင်းမှာ အရေးကြီးအဆိုကို ဆွေးနွေးရန်သင့်မသင့် မဲခွဲဆုံးဖြတ်စဉ် မဲပေးခွင့်ရှိသူ စာရင်းထဲက ၂၀ ဦး ပျောက်နေတဲ့အတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက သတိပေးလိုက်ပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာပြုလုပ်တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိစ္စနဲ့ ပတ်သက်ပြီး အရေးကြီးအဆိုကို ဆွေးနွေးရန်သင့်မသင့် မဲခွဲဆုံးဖြတ်စဉ် အခုလို သတိပေးလိုက်တာပါ။

“လွှတ်တော်ကိုယ်စားလှယ်များကို အသိပေးစရာ တခုရှိပါတယ်။ ကျနော်တို့ ဒီနေ့ အစည်းအဝေး တက်ရောက်စဉ်တုန်းက အစည်းအဝေးတက်ရောက်သူ ၄၂၆ ဦး ရှိပါတယ်။ အခု မဲပေးတဲ့နေရာမှာ မဲပေးပိုင်ခွင့်ရှိသူ ၄၀၆ ဦးရှိကြောင်း တွေ့ရှိရပါတယ်။ ၂၀ ပျောက်နေပါတယ်။ ၂၀ ပျောက်နေတာက ကော်မတီအစည်းအဝေးတွေရှိလို့ သွားသလား၊ ဒါမှမဟုတ် ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ သွားသလား။ ကျနော်တို့ အလေးအနက် ထားရပါမယ်။ နောက်ကို ကော်မတီအစည်းအဝေးတွေရှိလို့ရှိရင် ကော်မတီအစည်းအဝေးတိုင်းဟာ လွှတ်တော်ပြီး နေ့လယ်ပိုင်းကနေပြီးတော့ ညနေ ၄ နာရီ၊ ၄ နာရီခွဲ ရုံးချိန်လုပ်နိုင်ပါတယ်။ အခုလောလောဆယ် ၂၀ ပျောက်တာကို ဒါ ကျနော် လွှတ်တော်ကို အသိပေးခြင်းဖြစ်ပါတယ်” လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြေညာခဲ့ပါတယ်။

ဒီကနေ့ နေ့လယ်က ပြည်သူ့လွှတ်တော်မှာ ဝိုင်းမော်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလဂမ်ဇယ်ဂျုံး တင်သွင်းတဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် ပြည်သူလူထု ပါဝင်လာမှုပေါ် ကြိုဆိုထောက်ခံရန်နှင့် ဟန့်တားနှောင့်ယှက်သူများ၏ အန္တရာယ်မှ ကာကွယ်ပေးရန်အပြင် ထိရောက်သော ကူညီပံ့ပိုးမှုများကို အမြန်ဆုံး ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့ လွှတ်တော်က တိုက်တွန်းကြောင်း အဆိုကို တင်သွင်းခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013